Connect with us

Hi, what are you looking for?

News

ကသာနှင့်ဆက်စပ်ဧရိယာများတွင် သစ်ထုတ်လုပ်သယ်ဆောင်ခြင်းမပြုရန် ကသာ PDFသတိပေး

တားမြစ်ချက်အား ဖျောက်ဖျက်သည်ကို တွေ့ရှိပါက ကြားကာလသစ်တောဥပဒေပါပြဌာန်း ချက်များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကသာ PDF၏ သစ်တောသယံဇာတထိန်းသိမ်းကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

လာမည့် စက်တင်ဘာ၁ရက်မှစ၍ ကသာနှင့်ဆက်စပ်ဧရိယာများအတွင်းမှ သစ်ထုတ်လုပ် သယ်ဆောင်ခြင်းမပြုကြပါရန် တားမြစ်လိုက်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ထုတ်ပြန်သည်။

တားမြစ်ချက်အား ဖျောက်ဖျက်သည်ကို တွေ့ရှိပါက ကြားကာလသစ်တောဥပဒေပါပြဌာန်း ချက်များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကသာ PDF၏ သစ်တောသယံဇာတထိန်းသိမ်းကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

ကသာမြို့နယ်နှင့် ခရိုင်အတွင်းတွင် လူသတ်အကြမ်း ဖက်စစ်အုပ်စုမှ တရားမဝင်အာဏာသိမ်းပြီး သည်မှစ၍ ယနေ့အချိန်ထိ ယင်းတို့နှင့် ယင်းတို့၏အဆွယ်အပွားများမှလည်းကောင်း၊ တောအမှီပြုကြ ရသောပြည်သူများမှ မိသားစုစားဝတ်နေရေးအတွက်လည်းကောင်း သစ်များအလွန်အကျွံ ထုတ်ယူလျက်ကြသည်ကို တွေ့ရှိရကြောင်း၊ သစ်တောအမှီပြုပြည်သူများ၏စားဝတ်နေရေးကို ရှေးရှုငဲ့ညှာနိုင်သော်လည်း သစ်များအလွန်အကျွံထုတ်ယူခြင်းဖြင့် အကြမ်းဖက်စစ်ကောင်စီယန္တရားကို အထောက်အပံ့ဖြစ်စေသည့် အပြင် ဒေသတွင်းရာသီဥတုပြောင်းလဲမှု၊ ပြည်သူပိုင်သယံဇာတဆုံးရှုံးမှုများဖြစ်ပေါ်နေသည်ကို တားဆီးရ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် သစ်တောသယံဇာတထုတ်ယူမှုကို ရပ်ဆိုင်းပေးကြပါရန်နှင့် လတ်တလောမပြေ လည်မှုများအပေါ် ကြံ့ကြံ့ခံလျက်သည်းခံပေးကြပါရန် မေတ္တာရပ်ခံကြောင်းလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။