Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာနှင့်ဆက်စပ်ဧရိယာများတွင် သစ်ထုတ်လုပ်သယ်ဆောင်ခြင်းမပြုရန် ကသာ PDFသတိပေး

တားမြစ်ချက်အား ဖျောက်ဖျက်သည်ကို တွေ့ရှိပါက ကြားကာလသစ်တောဥပဒေပါပြဌာန်း ချက်များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကသာ PDF၏ သစ်တောသယံဇာတထိန်းသိမ်းကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

လာမည့် စက်တင်ဘာ၁ရက်မှစ၍ ကသာနှင့်ဆက်စပ်ဧရိယာများအတွင်းမှ သစ်ထုတ်လုပ် သယ်ဆောင်ခြင်းမပြုကြပါရန် တားမြစ်လိုက်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ထုတ်ပြန်သည်။

တားမြစ်ချက်အား ဖျောက်ဖျက်သည်ကို တွေ့ရှိပါက ကြားကာလသစ်တောဥပဒေပါပြဌာန်း ချက်များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကသာ PDF၏ သစ်တောသယံဇာတထိန်းသိမ်းကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။

ကသာမြို့နယ်နှင့် ခရိုင်အတွင်းတွင် လူသတ်အကြမ်း ဖက်စစ်အုပ်စုမှ တရားမဝင်အာဏာသိမ်းပြီး သည်မှစ၍ ယနေ့အချိန်ထိ ယင်းတို့နှင့် ယင်းတို့၏အဆွယ်အပွားများမှလည်းကောင်း၊ တောအမှီပြုကြ ရသောပြည်သူများမှ မိသားစုစားဝတ်နေရေးအတွက်လည်းကောင်း သစ်များအလွန်အကျွံ ထုတ်ယူလျက်ကြသည်ကို တွေ့ရှိရကြောင်း၊ သစ်တောအမှီပြုပြည်သူများ၏စားဝတ်နေရေးကို ရှေးရှုငဲ့ညှာနိုင်သော်လည်း သစ်များအလွန်အကျွံထုတ်ယူခြင်းဖြင့် အကြမ်းဖက်စစ်ကောင်စီယန္တရားကို အထောက်အပံ့ဖြစ်စေသည့် အပြင် ဒေသတွင်းရာသီဥတုပြောင်းလဲမှု၊ ပြည်သူပိုင်သယံဇာတဆုံးရှုံးမှုများဖြစ်ပေါ်နေသည်ကို တားဆီးရ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် သစ်တောသယံဇာတထုတ်ယူမှုကို ရပ်ဆိုင်းပေးကြပါရန်နှင့် လတ်တလောမပြေ လည်မှုများအပေါ် ကြံ့ကြံ့ခံလျက်သည်းခံပေးကြပါရန် မေတ္တာရပ်ခံကြောင်းလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။