Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို နှစ်ကြိမ်မိုင်းခွဲတိုက်ခိုက်

ယနေ့ (စက်တင်ဘာလ ၂၅ ရက်)နံနက် ၁၁နာရီ ၃၅ မိနစ်ခန့်က မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြိုင် (ပကဖ) အဖွဲ့က အသိပေးသည်။

ထွက်ပြေးတိမ်းရှောင်လာသော မြိုင်နယ်ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေးမြိုင်မြို့
ထွက်ပြေးတိမ်းရှောင်လာသော မြိုင်နယ်ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေးမြိုင်မြို့

▪️မိုင်းထိစစ်တပ် စစ်ကြောင်းဆက်ထိုးနေ၍ ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကျေးရွာများအားမီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို နှစ်ကြိမ်မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာလ ၂၅ ရက်)နံနက် ၁၁နာရီ ၃၅ မိနစ်ခန့်က မြိုင်မြို့နယ် ကျောက်ခွက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူမျုးအား မိုင်းပွိုင့်အကြီး ၂ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြိုင် (ပကဖ) အဖွဲ့က အသိပေးသည်။

ထွက်ပြေးတိမ်းရှောင်လာသော မြိုင်နယ်ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေးမြိုင်မြို့
ထွက်ပြေးတိမ်းရှောင်လာသော မြိုင်နယ်ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေးမြိုင်မြို့

ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာပြင်းထန် စွာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်(ပကဖ)အဖွဲ့၏ တာဝန်ရှိသူ ကိုလက်ယျာက “ကန်နီဘက်ကနေ မြိုင်နယ်မြောက်ပိုင်းကို ရွာတွေကိုမီးရှို့ပြီးတော့ ဖြတ် လာတဲ့စစ်ကြောင်းကို ကျောက်ခွက်ရွာထဲအဝင်ကော ရွာထဲမှာကော မိုင်း နှစ်ပွိုင့်ငါးလုံး ဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါနယ်အနီးတဝိုက်တွင် စစ်ကောင်စီစစ် ကြောင်းများ ကျန်ရှိနေသေးသဖြင့် ထိုစစ်ကြောင်းများကိုလည်း ထပ်မံတိုက်ခိုက်သွားမည်ဟု မြိုင် ပကဖအဖွဲ့က ဆိုသည်။

ထွက်ပြေးတိမ်းရှောင်လာသော မြိုင်နယ်ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေးမြိုင်မြို့
ထွက်ပြေးတိမ်းရှောင်လာသော မြိုင်နယ်ဒေသခံများအား တွေ့ရစဉ်၊ ဓာတ်ပုံ-နွေဦးတော်လှန်ရေးမြိုင်မြို့

မြိုင်နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်နှင့်ပျူများသည် ကျောက်ခွက်ကျေးရွာမှတဆင့် ကြက်ဆူအိုင်ကျေးရွာသို့ မွန်းလွဲ ၁ နာရီခန့်တွင် ရောက်ရှိလာကာ ဝင်ရောက်မွှေနှောက်ခဲ့ပြီးကြက်ဆူအိုင်အရှေ့ဘက်တစ်ဖွဲ့ချန်ကာ သရက် ကန်ကျေးရွာဘက်သို့ တစ်ဖွဲ့ခွဲထွက်သွားကြောင်း၊ ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး နီးစပ်ရာရွာများမှ မိဘပြည်သူများ ဂရုစိုက်ရှောင်ရှားကြရန် မြိုင် နွေဦးတော်လှန်ရေးစာမျက်နှာက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။