Connect with us

Hi, what are you looking for?

သတင်း

မြိတ် ထားဝယ်လမ်းမှာ စစ်ကားယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ စစ်ကားသုံးစီးသည် တိုက်ခိုက်ခံရသည့်နေရာတွင်ထိုးရပ်ပြီး တစ်စီးမှာပြင်းထန်စွာထိခိုက်ခဲ့ပြီး တပို့ရွာတွင်ရပ်နားကျန်ခဲ့ကာ အခြားစစ်ကားသုံးစီးကတော့ ပုလောမြို့ဘက်သို့ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိပါသည်။

မြိတ် ထားဝယ်လမ်းမှာ စစ်ကားယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်
မြိတ် ထားဝယ်လမ်းမှာ စစ်ကားယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မြိတ်မှ ထားဝယ်ဘက်သို့မောင်းနှင်လာသော စစ်တပ်ယာဉ်တန်းများအား ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)နှင့် ပုလောမြို့နယ်(ပကဖ)အဖွဲ့တစ်ခုဖြစ်သည့် အရိပ်အဖွဲ့ရဲဘော်များက တပို့ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးမှာ ပြင်းထန်စွာထိခိုက်ခဲ့သည်ဟု ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)မှ ထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာလ(၂၆)ရက် နံနက်ပိုင်းက မြိတ်ခရိုင်၊ ပုလောမြို့နယ် တပို့ရွာအနီးတွင် မြိတ်မှ ထားဝယ်သို့မောင်းနှင်လာသည့် စစ်ကောင်စီစစ်ကား လေးစီးကို ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Public Service Announcement
Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ စစ်ကားသုံးစီးသည် တိုက်ခိုက်ခံရသည့်နေရာတွင်ထိုးရပ်ပြီး တစ်စီးမှာပြင်းထန်စွာထိခိုက်ခဲ့ပြီး တပို့ရွာတွင်ရပ်နားကျန်ခဲ့ကာ အခြားစစ်ကားသုံးစီးကတော့ ပုလောမြို့ဘက်သို့ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိပါသည်။

ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများအား မြိတ်ဘက်မှလူနာတင်ယာဉ်တစ်စီးဖြင့် လာရောက်သယ်ယူသွားခဲ့ကြောင်း ထိုတိုက်ခိုက်မှုတွင် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိပဲ အောင်မြင်စွပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရပါသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရေဘေးနဲ့ ‌မြေပြိုဘေးကြုံနေတဲ့ ထားဝယ်မြို့နယ်မှာ စစ်တပ်က လူငယ်တွေ ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေသလို ဒီ‌နေ့ အောက်တိုဘာ ၂ရက်မှာလည်း မြို့အဝင်၊ကမြောကင်းတံတားဂိတ်မှာ လူငယ် ၂ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

သတင်း

ရေဘေးနဲ့ မြေပြိုမှု ဘေးရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကို ဒီနေ့ စက်တင်ဘာ ၃၀ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်းရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေမှာ လောင်းလုံမြို့နယ်ထဲက ကဒက်ငယ်ထိန်ကျေးရွာဟာထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့တဲ့ကျေးရွာတွေမှာပါဝင်ပါတယ်။