Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး ထိထိရောက်ရောက်တုံ့ပြန်သင့်ပြီလို့လူ့အခွင့်အရေးမဟာမင်းကြီးပြော

လူ့အခွင့်အရေးဆိုင်ရာ ဒုတိယ မဟာမင်းကြီးလည်းဖြစ်တဲ့ ဂျော်ဒန် နိုင်ငံသူဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ၅၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့အစီရင်ခံတင်ပြသွားခဲ့တာပါ။

(ယာယီကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနာဒါအယ်လ်နာရှစ်ဖ် ။ ။ဓါတ်ပုံ- AP)
(ယာယီကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနာဒါအယ်လ်နာရှစ်ဖ် ။ ။ဓါတ်ပုံ- AP)

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးကို ဖော်ဆောင်ဖို့အတွက် အရေးတကြီး တုံ့ပြန် လုပ်ဆောင်မှုတွေလိုအပ်နေပြီလို့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးအဖြစ်ယာယီတာဝန်ယူထားတဲ့ နာဒါအယ်လ်နာရှစ်ဖ်ကပြောကြားသွားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ဒုတိယ မဟာမင်းကြီးလည်းဖြစ်တဲ့ ဂျော်ဒန် နိုင်ငံသူဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ၅၁ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်လို့အစီရင်ခံတင်ပြသွားခဲ့တာပါ။

လက်ရှိအခြေအနေမှာအာဏာသိမ်းစစ်တပ်ဟာအတိုက်အခံအင်အားစုတွေကို ထိုးနှက်ဖို့တင်မကဘဲသူတို့ကိုမထောက်ခံတဲ့ အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထားနေတယ်လို့ အယ်လ်နာရှစ်ဖ်က ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်က အရပ်သားတွေကိုပါတိုက်ခိုက်နေပြီးလူနေဧရိယာတွေမှာလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတာတွေကို ပိုပြီးအရှိန်မြှင့်လာတယ်လို့ သူကဆိုပါတယ်။

မကွေး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်း၊ ကယားနဲ့ ကရင်တို့လို ဒေသတွေမှာ စစ်ကောင်စီ တပ်တွေက ကျောင်းတွေ၊ အိမ်တွေနဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေ စုစုပေါင်း ၃၀၀၀၀ လောက်ကို မီးတင်ရှို့ခဲ့ကြောင်းလည်းသူကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေထဲမှာ ရင်ပေါင်တိုင်နဲ့ လက်ယက်ကုန်း ကျေးရွာတွေက ဖြစ်စဉ်တွေကို အယ်လ်နာရှစ်ဖ်က ထုတ်နုတ် အစီရင်ခံသွားပြီး စက်တင်ဘာ ၁၆ ရက်မှာ စာသင်ကျောင်း တစ်ကျောင်းနဲ့ အနားက ဘုန်းတော်ကြီးကျောင်း တစ်ခုကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ကလေးတွေသေဆုံးပြီးဆရာမတွေအပါအဝင် အများအပြား ဒဏ်ရာရခဲ့တဲ့ ကိစ္စကိုလည်းထည့်ပြောသွားပါတယ်။

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်းအနည်းဆုံး ကလေးငယ် ၁၈၀ ကျော် အပါအဝင် လူပေါင်း ၂၃၁၆ ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့သတ်ဖြတ်မှုတွေကိုခံခဲ့ရပြီးအရပ်သားပြည်သူ ၁ သန်းကျော်ဟာလည်းနေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီ အလိုကျ တရားစီရင်ရေး စနစ်က အတိုက်အခံတွေကို ကွပ်မျက်နေတာတွေ အပါအဝင် မြန်မာနိုင်ငံကအာဏာသိမ်းမှုနောက်ပိုင်း တရားလက်မဲ့ အခြေအနေတွေနဲ့ ပိုမိုကျပ်တည်းလာတဲ့ ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာ ပြဿနာတွေကိုပါ အယ်လ်နာရှစ်ဖ်ကအစီရင်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ကဏ္ဍပေါင်းစုံယိုယွင်းပျက်စီးမှုတွေကိုလမ်းကြောင်း ပြန်လည် တည့်မတ်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးတွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် ထိရောက်တဲ့ တုံ့ပြန် စီမံမှုတွေကို အရေးတကြီး လုပ်ဆောင်သင့်နေပြီလို့လည်း အယ်လ်နာရှစ်ဖ်ကလူ့အခွင့်အရေး ညီလာခံမှာ အလေးအနက်တိုက်တွန်းသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်ဗိုလ်ချုပ်တွေကို ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ခေါ်လာဖို့ အားထုတ်မှုမှာ တိုးတက်မှုတချို့ ရရှိခဲ့တယ်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာကပြောကြားခဲ့ပါတယ်။

သတင်း

ကမ္ဘာ့ခေါင်းဆောင်တွေမိန့်ခွန်းမှာ မြန်မာ့အရေးကို ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊တီမောလက်စ်တေတို့ ထည့်ပြော၊ တရုတ်ထည့်မပြော

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

Facebook