Connect with us

Hi, what are you looking for?

News

ချမ်းမြသာစည်တွင် ကိုဗစ်အကြောင်းပြရှောင်တခင်စစ်ဆေးမှုများပြုလုပ်ရန် စစ်ကောင်စီစီစဥ်

ကိုဗစ်ကာကွယ်ရေးအကြောင်းပြချက်ဖြင့် မန္တလေးမြို့တွင် နေ့စဥ်ဆန္ဒပြပွဲများရှိနေသည့် ချမ်းမြသာစည်မြို့နယ်တွင် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ရန် စစ်ကောင်စီကညွှန်ကြားထားကြောင်း မြို့ခံများက ပြော သည်။

ကိုဗစ်ကာကွယ်ရေးအကြောင်းပြချက်ဖြင့် မန္တလေးမြို့တွင် နေ့စဥ်ဆန္ဒပြပွဲများရှိနေသည့် ချမ်းမြသာစည်မြို့နယ်တွင် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ရန် စစ်ကောင်စီကညွှန်ကြားထားကြောင်း မြို့ခံများက ပြော သည်။

မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်အတွင်း Covid-19 ရောဂါ ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ဟုဆိုကာ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များပေါ်တွင် ဖြတ်သန်းသွားလာနေသည့်ပြည်သူများကို ရပ်ကွက်၊မြို့နယ် နယ်ကျော်ခွင့်ကတ်၊ စျေးဝယ်ခွင့်ကတ် ပါ၊မပါအား နေ့စဥ်ရှောင်တခင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက်များနှင့် ဌာနဆိုင်ရာများမှ ၂ ဦးစီ၊ ၆၂လမ်း၊ ၁၁၂ လမ်းနှင့် ၁၁၂Aလမ်းကြား၊ မြို့နယ်သစ်တောရုံးရှေ့စုရပ်သို့ နံနက် ၇ နာရီ ၃၀ မိနစ်အရောက်လာကြရန် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးအားလုံးထံသို့ သြဂုတ်လ၂၇ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှုးဝေဖြိုးအောင်က ညွှန်ကြားသည်။

“အခုရက်ပိုင်းတော့ သိပ်မစစ်ဘူး။ အဲဒီအမိန့်ကမနေ့ကမှဆိုတော့ နောက်ရက်တွေပိုစစ်လာနိုင်တယ်။ မြို့ထဲမီးပွိုင့်တွေမှာလည်း CCTV တွေ ပြန်လိုက်ပြင်တာတွေ အသစ်တပ်တာတွေ လုပ်နေတာတွေ့တယ်။ သပိတ်စစ်ကြောင်းတွေကို ဖမ်းချင်လို့ဖြစ်နိုင်တယ်”ဟု မန္တလေးမြို့ပေါ် နေထိုင်သူတစ်ဦးက ပြောသည်။

ချမ်းမြသာစည်မြို့နယ်သည် ဆန္ဒပြပွဲများ အများဆုံးပြုလုပ်နေသည့်မြို့နယ်တစ်ခုဖြစ်ပြီး အဆိုပါမြို့နယ်ရှိ မြရည်နန္ဒာအိမ်ရာအပါအဝင် မြို့နယ်တွင်းနေထိုင်သည့် တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီက လိုက်လံရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက သြဂုတ် ၁၆ ရက်မှ၂၉ ရက်အထိ နေအိမ်ပြင်ပစျေးဝယ်ထွက်ခွင့်ကို နံနက် ၄ နာရီမှ နံနက် ၉ နာရီအထိ၊ ညနေ ၃ နာရီ ၃၀ မိနစ်မညနေ ၆ နာရီ ၃၀ မိနစ်အထိ ကန့်သတ်ခဲ့သည်။

စျေးဝယ်ချိန်ပြင်ပဖြစ်သည့် နံနက် ၉ နာရီမှ ညနေ ၃ နာရီ ၃၀ မိနစ်အတွင်း ကျန်းမာရေး၊ နာရေးကိစ္စမှအပ အပြင်ထွက်ခွင့်တားမြစ်ခဲ့ပြီး ထွက်သူများအား ဖမ်းဆီးထောင် ချခြင်းများ ပြုလုပ်ခဲ့သည်။

သြဂုတ်၂၂ ရက်တွင်မူ အဆိုပါအမိန့်အား ပြန်လုပ်ရုပ်သိမ်းသွားခဲ့သော်လည်း စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။