Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် သောင်းကျန်းနေ၍ ရွှေဘို – မန္တလေးလမ်းအပါအဝင် လမ်းပိုင်း ငါးခုပိတ်

စစ်ကောင်စီတပ်သည် စက်တင်ဘာ၂၅ ရက်မှစတင်ကာ ဝက်လက်မြို့နယ်၊ ရွှေဘို- မန္တ​လေးလမ်းပိုင်းရှိ ရွာသစ်ကြီးကျေးရွာကို အကြမ်းဖက်ပစ်ခတ် တပ်စွဲထားပြီး ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေ၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

(ရွှေဘို - မန္တလေးလမ်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)
(ရွှေဘို - မန္တလေးလမ်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)

စစ်ကောင်စီတပ်သောင်းကျန်းနေ၍ စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းမကြီးအပါအဝင် ဝက်လက်မြို့နယ်အတွင်းရှိ လမ်းပိုင်း ငါးခုအား ဖြတ်သန်းသွားလာခြင်းလုံးဝမပြုရန် တိုက်နယ်တာဝန်ခံများနှင့် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးကြေညာသည်။

ရွှေဘို – မန္တလေးကားလမ်းမကြီးကိုအသုံးပြုမည့် ခရီးသွားပြည်သူများအနေဖြင့် ရွာသာကြီးကျေးရွာ၊ လှတောရွာနှင့် စိုင်နိုင်ကြီးကျေးရွာများတွင် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ခရီးသွားပြည်သူများအား တားဆီးစစ်ဆေး၍ အကြမ်းဖက်မှုများပြုလုပ်နေသည်။

ထို့ကြောင့် ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နံနက် ၁၁ နာရီမှစတင်ပြီး မည်သည့်ယာဥ်၊ မည်သည့်လိုင်းကားမျှ တစုံတရာ မထုတ်ပြန်မီအချိန်အထိ အုန်းတောမှ ရွှေဘိုကားလမ်း၊ စိုင်နိုင်ကွေ့မှ ဟန်လင်းလမ်း၊ ရွာသာကြီးမှ အရာတော်လမ်း၊ လှတောမှ ဝက်လက်လမ်း၊ ရွာသာကြီးမှ ဝက်လက်လမ်း စသည့်လမ်းပိုင်းများအား ဖြတ်သန်းသွားလာခြင်း မပြုရန် တားမြစ်လိုက်ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စိုင်နိုင်၊ ရွာသာကြီး၊လှတော၊ ရွှေပန်းကုန်း စသည့်တိုက်နယ်တာဝန်ခံများကလည်း ပူးပေါင်းကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သတိပေးထားသည့်ကြားက သွားလာပါက ကာကွယ်ရေးအဖွဲ့များက လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် စက်တင်ဘာ၂၅ ရက်မှစတင်ကာ ဝက်လက်မြို့နယ်၊ ရွှေဘို- မန္တ​လေးလမ်းပိုင်းရှိ ရွာသစ်ကြီးကျေးရွာကို အကြမ်းဖက်ပစ်ခတ် တပ်စွဲထားပြီး ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေ၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook