Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် သောင်းကျန်းနေ၍ ရွှေဘို – မန္တလေးလမ်းအပါအဝင် လမ်းပိုင်း ငါးခုပိတ်

စစ်ကောင်စီတပ်သည် စက်တင်ဘာ၂၅ ရက်မှစတင်ကာ ဝက်လက်မြို့နယ်၊ ရွှေဘို- မန္တ​လေးလမ်းပိုင်းရှိ ရွာသစ်ကြီးကျေးရွာကို အကြမ်းဖက်ပစ်ခတ် တပ်စွဲထားပြီး ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေ၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

(ရွှေဘို - မန္တလေးလမ်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)
(ရွှေဘို - မန္တလေးလမ်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)

စစ်ကောင်စီတပ်သောင်းကျန်းနေ၍ စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းမကြီးအပါအဝင် ဝက်လက်မြို့နယ်အတွင်းရှိ လမ်းပိုင်း ငါးခုအား ဖြတ်သန်းသွားလာခြင်းလုံးဝမပြုရန် တိုက်နယ်တာဝန်ခံများနှင့် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးကြေညာသည်။

ရွှေဘို – မန္တလေးကားလမ်းမကြီးကိုအသုံးပြုမည့် ခရီးသွားပြည်သူများအနေဖြင့် ရွာသာကြီးကျေးရွာ၊ လှတောရွာနှင့် စိုင်နိုင်ကြီးကျေးရွာများတွင် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ခရီးသွားပြည်သူများအား တားဆီးစစ်ဆေး၍ အကြမ်းဖက်မှုများပြုလုပ်နေသည်။

ထို့ကြောင့် ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နံနက် ၁၁ နာရီမှစတင်ပြီး မည်သည့်ယာဥ်၊ မည်သည့်လိုင်းကားမျှ တစုံတရာ မထုတ်ပြန်မီအချိန်အထိ အုန်းတောမှ ရွှေဘိုကားလမ်း၊ စိုင်နိုင်ကွေ့မှ ဟန်လင်းလမ်း၊ ရွာသာကြီးမှ အရာတော်လမ်း၊ လှတောမှ ဝက်လက်လမ်း၊ ရွာသာကြီးမှ ဝက်လက်လမ်း စသည့်လမ်းပိုင်းများအား ဖြတ်သန်းသွားလာခြင်း မပြုရန် တားမြစ်လိုက်ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် စိုင်နိုင်၊ ရွာသာကြီး၊လှတော၊ ရွှေပန်းကုန်း စသည့်တိုက်နယ်တာဝန်ခံများကလည်း ပူးပေါင်းကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သတိပေးထားသည့်ကြားက သွားလာပါက ကာကွယ်ရေးအဖွဲ့များက လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် စက်တင်ဘာ၂၅ ရက်မှစတင်ကာ ဝက်လက်မြို့နယ်၊ ရွှေဘို- မန္တ​လေးလမ်းပိုင်းရှိ ရွာသစ်ကြီးကျေးရွာကို အကြမ်းဖက်ပစ်ခတ် တပ်စွဲထားပြီး ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေ၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။