Connect with us

Hi, what are you looking for?

သတင်း

MNA လေယာဉ်ပစ်ခတ်ခံရမှုတွင် ကျည်ထိမှန် ဒဏ်ရာရသူမှာ စစ်ကောင်စီမှ တပ်ကြပ်ကြီးဖြစ်ဟုဆို

“ညာဘက်ပါးကို ကျည်ဆံဝင်သွားတာ။အခုလက်ရှိ စစ်ဆေးရုံမှာ ကုနေတယ်”ဟု လွိုင်ကော်မြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

▪️လွိုင်ကော်သို့ ပျံသန်းမည့် ခရီးစဉ်များဖျက်သိမ်းဟု MNA အသိပေး

လွိုင်ကော်လေဆိပ်၌ ပစ်ခတ်ခံရသည့် လေယာဥ် ပေါ် မှ ဒဏ်ရာရရှိသူမှာ အကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးသိန်းစိုးညွန့်ဆိုသူဖြစ်ကြောင်း ကရင်နီဒေသခံသတင်းရင်းမြစ်များက အတည်ပြုသည်။

လက်ရှိတွင် ၎င်းကို နမ့်ဘော်ဝမ်ရပ်ကွက်ရှိ လွိုင် ကော်စစ်ဆေးရုံ၌ ဆေးကုသပေးနေကြောင်းလည်း အသိပေးသည်။

“ညာဘက်ပါးကို ကျည်ဆံဝင်သွားတာ။အခုလက်ရှိ စစ်ဆေးရုံမှာ ကုနေတယ်”ဟု လွိုင်ကော်မြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ – CJ

အဆိုပါ ပစ်ခတ်ခံရသည့် လေယာဥ်သည် နေ ပြည်တော်မှတစ်ဆင့် လွိုင်ကော်မြို့ကိုဆင်း သက်လာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား အများစု သယ် ဆောင်လာသည့် လေယာဥ်ဖြစ် ကြောင်းလည်း ကရင်နီဒေသခံစစ်ရေးသတင်း ရင်းမြစ်က ဆိုသည်။

Public Service Announcement

Public Service Announcement

“စကစ တပ်သားတွေအများစု သယ်လာတာ။ ပြီးတော့ ပစ်ခတ်ခံရတဲ့ ဖြစ်စဥ်ကို ဖုံးကွယ်ချင်လို့ ခရီးသည်တင်ယာဥ်ဆိုပြီး ပြည်သူ နဲ့ PDF တွေ ကြား ရန်တိုက်ပေးနေတာ”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ပစ်ခတ်ခံရမှု ဖြစ်စဥ်အပြီး ၃နာရီအကြာ (နေ့လည် ၁၂ နာရီခန့်)တွင် မြန်မာအမျိုးသားလေကြောင်း MNAက လွိုင်ကော် ခရီးစဉ်အား ရက်အကန့်အသက်မရှိ ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယနေ့(စက်တင်ဘာ ၃၀ရက်)ရန်ကုန် – နေ ပြည်တော် -လွိုင်ကော် ခရီးစဥ်ဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)ခရီးသည်တင်လေ ယာဉ် ATR-72 လေယာဉ်အမှတ် XY-EALသည် လွိုင် ကော်လေဆိပ်သို့ ဆင်းသက်စဥ် နံနက် ၈ နာရီ ၅၀မိနစ်ခန့်က ပစ်ခတ်ခံရခြင်းဟု ဆိုသည်။

ပစ်ခတ်ခံရပြီး လေယာဥ်ပေါ်ပါရှိသူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု လွိုင်ကော်လေဆိပ်ဝန် ထမ်းတစ်ဦးက အတည်ပြုသည်။

ဒဏ်ရာရရှိသူ ကျန်တစ်ဦး၏ အခြေ အနေကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး ပေါင်းခြံတွင် ကျည်ထိမှန်ကြောင်းသာ လတ်တလောသိရှိရသေးသည်။

သို့သော် စစ်ကောင်စီကမူ ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်အမှတ် UB – 149 ဖြင့် ရန်ကုန်- နေ ပြည်တော် -လွိုင်ကော်-ရန်ကုန်ခရီးစဉ်အဖြစ် ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ လေယာဉ်အမှတ် XY-AML ၊ လေယာဉ် အမျိုးအစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ၈ နာရီ ၄၅ မိနစ်ခန့်၌ ဆင်းသက်စဥ်အမြင့်ပေ ၃,၅၀၀ ခန့်၊ လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ၄ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် KNPP နှင့် PDF ကပစ်ခတ်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အား ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန် ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း စွပ်စွဲထုတ်ပြန်ထားသည်။

အဆိုပါ ခရီးသည်လေယာဉ်ပစ်ခတ်ခံရသည့် လွိုင်ကော်လေယာဉ်ကွင်းသည် စစ်ကောင်စီတပ်စွဲထားသည့် နေရာတစ်ခုဖြစ်ပြီး ကရင်နီဒေသတွင်း လက်နက်ခဲယမ်းများ ဖြည့်တင်းရန် ထောက်ပို့သည့် အဓိကနေရာဖြစ်ကြောင်းလည်း ကရင်နီစစ် ရေးသတင်းရင်းမြစ်များကအသိပေးသည်။

ရန်ကုန်-လွိုင်ကော် ပျံသန်းနေသော မြန်မာ့အမျိုးသားလေကြောင်းလိုင်း MNA ကို အသုံးမပြုကြရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF က ယခုနှစ်ကုန်ပိုင်းတွင် သတိပေးထားသည်။

အလားတူ လွိုင်ကော်လေဆိပ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်လေယာဥ်များ ဆင်းသက်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် လုံခြုံရေးအသိဖြင့် လေကြောင်းဖြင့် ခရီးမထွက်ရန်လည်း တိုက်တွန်းထားသည်။

ယနေ့ MNA လေယာဥ်ပစ်ခတ်မှု ဖြစ်စဥ်အတွက် ကိုမူ KNDF အပါအဝင် ဒေသခံ တပ်ဖွဲ့များထံမေးမြန်းထားသော်လည်း သီးခြားမှတ်ချက် မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။