Connect with us

Hi, what are you looking for?

News

ကိုးကန့်တပ်နှင့်တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ အနည်းဆုံး ​လေးဦးသေဆုံး

တိုက်ပွဲဖြစ်ပွားရာနေရာကို လူတောင်ရွာအနီးဟု ဖော်ပြထားသော်လည်း မြို့နယ်ကိုမူ ဖော်ပြမထားပေ။ သို့ရာတွင် ကိုးကန့်တပ်နှင့် စစ်ကောင်စီတို့သည် မူဆယ်မြို့နယ် မုံးကိုးဒေသ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂လခန့်ရှိပြီဖြစ်သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဩဂုတ် ၂၆ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၄ဦးသေဆုံးခဲ့ကြောင်း ကိုးကန့်အဖွဲ့၏ The Kokang ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားရာနေရာကို လူတောင်ရွာအနီးဟု ဖော်ပြထားသော်လည်း မြို့နယ်ကိုမူ ဖော်ပြမထားပေ။ သို့ရာတွင် ကိုးကန့်တပ်နှင့် စစ်ကောင်စီတို့သည် မူဆယ်မြို့နယ် မုံးကိုးဒေသ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂လခန့်ရှိပြီဖြစ်သည်။

Public Service Announcement

တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ ကိုးကန့်အဖွဲ့၏ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအဖွဲ့က လူတောင်ရွာသို့ သွားရောက်၍ လူထုအား ပညာပေး မှုနှင့် ကိုးကန့်အဖွဲ့၏ မူဝါဒများ နားလည်စေရန် သွားရောက်ရှင်းလင်း ပြောကြားစဥ် စစ်ကောင်စီတပ်၏ တပ်မ(၉၉) တပ်ဖွဲ့ဝင်များက ရွာအနီး ရောက်ရှိလာ၍ ၃နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ဩဂုတ် ၂၈ရက်ကလည်း မုံးကိုးဒေသ၌ ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့် ကိုးကန့်အဖွဲ့တို့ပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများကြောင်း သတင်းဖော်ပြမှုများ ရှိသော်လည်း KIAနှင့် ကိုးကန့်အဖွဲ့တို့က အတည်ပြုထုတ်ပြန်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။