Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ချောင်းဦးလမ်းနှင့် မုံရွာ – အရာတော်လမ်း ယာယီပိတ်

တားမြစ်ထားသည့်ကြားမှ ဖြတ်သန်းသွားလာသည့်ယာဥ်များ၏ လုံခြုံရေးအား တာဝန်ယူမည်မဟုတ်ကြောင်း PDF South Monywa က ပြောသည်။

(မုံရွာ - မန္တလေးလမ်းပေါ် လမ်းပိုင်းယာယီပိတ် ထားစဥ် စောင့်ဆိုင်းနေသော မော်တော်ယာဥ်များ၊ဓာတ်ပုံ- CJ)
(မုံရွာ - မန္တလေးလမ်းပေါ် လမ်းပိုင်းယာယီပိတ် ထားစဥ် စောင့်ဆိုင်းနေသော မော်တော်ယာဥ်များ၊ဓာတ်ပုံ- CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းနှင့် မုံရွာ – အရာတော်လမ်းများအား ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးကြေညာ ချက်ထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ၄ ရက်) နံနက်ပိုင်းက ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ပြီး စစ်ရေးအခြေအနေအရ ခရီးသွားပြည်သူများလုံခြုံဘေးကင်းရန်အတွက် လမ်းအသုံးပြုမှု ခေတ္တရပ်နားထားကြရန် ဒေသကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံသည်။

အိမ်စီးကားများ မှန်ချမောင်းနှင်ရန်၊ တွဲကားများမိုးကာမအုပ်ဘဲ မောင်းနှင်ရန် God Of Monywa က အသိပေးသည်။

တားမြစ်ထားသည့်ကြားမှ ဖြတ်သန်းသွားလာသည့်ယာဥ်များ၏ လုံခြုံရေးအား တာဝန်ယူမည်မဟုတ်ကြောင်း PDF South Monywa က ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာ၂ ရက်ကလည်း မုံရွာ-မန္တလေးလမ်းပေါ် စစ်ကိုင်းမှ မုံရွာမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။