Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ချောင်းဦးလမ်းအပါအဝင် လမ်းပိုင်းသုံးခု ယာယီပိတ်

ယနေ့နံနက်ပိုင်းက မုံရွာ – အမြင့်လမ်းပေါ်ရှိ ညောင်ဖြူပင်ရွာတွင် စျေးဝယ်လာသည့် ရဲနှစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ထို့အပြင် ပြည်သူနှစ်ဦးလည်းမိုင်းထိကာ တစ်ဦးသေဆုံးခဲ့သေးသည်။

(မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် လမ်းပိုင်းယာယီပိတ်ထားစဥ်က စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် လမ်းပိုင်းယာယီပိတ်ထားစဥ်က စောင့်ဆိုင်းနေသောယာဥ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ချောင်းဦးမြို့နယ်တို့ရှိ လမ်းပိုင်း သုံးခုကို ယနေ့ညနေပိုင်းမှစတင်ကာ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက ရဲနှစ်ဦးပစ်ခတ်ခံခဲ့ရသည့် မုံရွာ-အမြင့်လမ်းနှင့် မုံရွာ-ချောင်းဦးလမ်း၊ခင်မွန်-ချောင်းဆုံလမ်းပိုင်းများကို အရေးပေါ်လိုအပ်ချက်အရ ယနေ့(စက်တင်ဘာ ၁၂ရက်) ညနေ ၅နာရီခွဲခန့်က စတင်ကာ ယခုကြေညာ ချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDFက အသိပေးသည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကို ဒေသခံပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏ လုံခြုံရေးအတွက် အာမမခံပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အထက်ပါလမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါ လမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် ချောင်းဦး PDFက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းက မုံရွာ – အမြင့်လမ်းပေါ်ရှိ ညောင်ဖြူပင်ရွာတွင် စျေးဝယ်လာသည့် ရဲနှစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ထို့အပြင် ပြည်သူနှစ်ဦးလည်းမိုင်းထိကာ တစ်ဦးသေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။