Connect with us

Hi, what are you looking for?

သတင်း

မန္တလေး − ပြင်ဦးလွင် လမ်းပိုင်း မှာ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ

မနေ့က ညနေပိုင်း ၃ နာရီလောက်မှာ စစ်ကောင်စီ ယာဉ်တန်းကို စောင့်ဆိုင်းပြီး မိုင်း ၃ လုံးနဲ့ ကြိုတင်တိုက်ခိုက်ဖို့စီမံခဲ့ပေမယ့် ၁ လုံးသာဖောက်ခွဲနိုင်ခဲ့တယ်လို့သိရပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကိုတွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − CJ
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကိုတွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − CJ

မန္တလေး − ပြင်ဦးလွင် လမ်းပိုင်း ထုံးဘိုအကျော် မိုင်တိုင် ၁၁ နားမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ပဒေသာ မိုင်း နဲ့ မနေ့က ညနေပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်လိုက်တယ်လို့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ က ထုတ်ပြန်ပါတယ်။

မနေ့က ညနေပိုင်း ၃ နာရီလောက်မှာ စစ်ကောင်စီ ယာဉ်တန်းကို စောင့်ဆိုင်းပြီး မိုင်း ၃ လုံးနဲ့ ကြိုတင်တိုက်ခိုက်ဖို့စီမံခဲ့ပေမယ့် ၁ လုံးသာဖောက်ခွဲနိုင်ခဲ့တယ်လို့သိရပါတယ်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရနိုင်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ က ဆိုထားပါတယ်။

ဒါပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်တွေဟာ အထိအခိုက်မရှိဘဲ ဆုတ်ခွာလာနိုင်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေကို အာဏာသိမ်းစစ်တပ်က တောင်း​ယူလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့စက်တင်ဘာ ၉ရက် မနက်က သစ်ပင်လဲပြီး ကား၁စီးပေါ်ပိမိပြီး လူ ၁ဦးပိ​တ်မိနေလို့ ကယ်ဆယ်နေရပါတယ်။