Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိယက်ဗ်တဝိုက်မှာ အီရန်ဒရုန်းတွေနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရ

ကာမီကာဇီ ဒရုန်းတွေ ထိမှန်တဲ့အတွက် ဘီလာ ဆက်ခ်ဗာက လူနေတိုက်တစ်လုံး ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး တခြား အခြေခံ အဆောက်အအုံတွေလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ လူအသေအပျောက် ရှိသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ကိယက်ဗ်တဝိုက်မှာ အီရန်ဒရုန်းတွေနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရ
ကိယက်ဗ်တဝိုက်မှာ အီရန်ဒရုန်းတွေနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရ

အီရန်လုပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်းရဲ့မြို့တော် ကိယက်ဗ် တဝိုက်ကို ပထမဆုံးအကြိမ် ခြိမ်းခြောက်လာကြောင်း သိရပါတယ်။

အောက်တိုဘာ ၅ ရက်က ကိယက်ဗ်နဲ့ နီးနီးကပ်ကပ် တည်ရှိတဲ့ မြို့တစ်မြို့မှာ အီရန်ရဲ့ ကာမီကာဇီ ဒရုန်းတွေ ဆက်တိုက် ကျရောက် ပေါက်ကွဲပြီး ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဘီလာ ဆက်ခ်ဗာမြို့က အဆောက်အအုံတွေကို ဒရုန်း ၆ စင်း ထိမှန် ပေါက်ကွဲခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဘီလာ ဆက်ခ်ဗာဟာ ကိယက်ဗ်ရဲ့ တောင်ဖက် ၄၅ မိုင်လောက်သာ ကွာဝေးတဲ့ နေရာမှာ တည်ရှိပါတယ်။

အီရန်က တည်ဆောက်ထားတဲ့ Shahed-13 အမျိုးအစား ဒုံးကျည်တွေကို ရုရှားက စျေးသက်သက်သာသာနဲ့ ဝယ်ယူပြီး ယူကရိန်းတောင်ပိုင်း စစ်မြေပြင်မှာ အသုံးပြုနေတာ အတော်ကြာပါပြီ။ ဒါပေမဲ့ ရှေ့တန်း စစ်မြေပြင်နဲ့ ဝေးကွာပြီး ကိယက်ဗ်နားမှာ အီရန် ဒရုန်းတွေကို အသုံးပြု တိုက်ခိုက်တာကတော့ အခုတစ်ကြိမ် ပထမဆုံးပါပဲ။

ဒီဒရုန်းတွေဟာ ပစ်မှတ်ဆီ ပျံသန်းသွားပြီး ကိုယ်တိုင် အပျက်စီးခံ ဝင်တိုက်လေ့ ရှိတာကြောင့် ကာမီကာဇီ ဒရုန်းတွေလို့ ခေါ်ကြတာပါ။ ရုရှားကို တိုက်ခိုက်ရေး ဒရုန်းတွေ အကူအညီ ပေးနေတာကို ဆန္ဒပြတဲ့ အနေနဲ့ ယူကရိန်း အစိုးရက အီရန်နဲ့ သံတမန် ဆက်ဆံရေးကိုပါ လျှော့ချထားပါတယ်။ ယူကရိန်း တပ်ဖွဲ့ဝင်တွေက နိုင်ငံတောင်ပိုင်းမှာ အီရန်လုပ် ဒရုန်းတွေ တော်တော်များများကို ပစ်ချခဲ့ပေမယ့် အီရန်ကတော့ ရုရှားကို လက်နက်တွေ ထောက်ပံ့ပေးနေတာမျိုး မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုနေပါတယ်။ ရုရှားကလည်း ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးပါဘူး။

Public Service Announcement

Public Service Announcement

ကာမီကာဇီ ဒရုန်းတွေ ထိမှန်တဲ့အတွက် ဘီလာ ဆက်ခ်ဗာက လူနေတိုက်တစ်လုံး ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး တခြား အခြေခံ အဆောက်အအုံတွေလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ လူအသေအပျောက် ရှိသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ယူကရိန်း တောင်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုဒက်ဆာမှာတော့ အီရန် ကာမီကာဇီ ဒရုန်းတွေရဲ့ ရန်ကို အစဉ်တစိုက် ကြုံတွေ့နေရပါတယ်။ ကိယက်ဗ်မြို့တော်တဝိုက် ဧရိယာမှာတော့ အခုကိစ္စက ပထမဆုံးဖြစ်ပြီး ဒေသခံတွေ အကြီးအကျယ် တုန်လှုပ်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူ ၃ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

စစ်ပွဲကို အဆုံးသတ်ဖို့ဆိုရင် အီရန်ဟာ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှုတွေကို အမေရိကန်က လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ ပမာဏထိ လျှော့ချရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ကို မထောက်ခံတဲ့ အဓိက မြို့ကြီးတွေကို အီရန်က ဖျက်ဆီးရင်တောင် ခွင့်ပြုမယ်လို့ အဓိပ္ပါယ် နှစ်ခွထွက်တဲ့ စကားမျိုး ပြောခဲ့လို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကိုအတိုက်အခံ ဒီမိုကရက် ပါတီအမတ်တွေက ဝေဖန်နေကြပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ စစ်တပ်ထိန်းချုပ်မှု​အောက်ရှိ သာပေါင်းလေးရွာအလယ်တန်းကျောင်းကို စစ်တပ်ကဒရုန်းနဲ့ ဗုံးပြန်ကြဲလို့ ​ကျောင်းသားငယ်တွေအပါအဝင် ၈ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook