Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စျေးပေါတဲ့ အီရန်ဒရုန်းတွေကို ယူကရိန်းမှာ ရုရှားစစ်တပ် ဖောဖောသီသီ သုံးစွဲနေ

အီရန်ဟာ ရုရှားကို လက်နက် ထောက်ပံ့ ရောင်းချမှုတွေ မရှိကြောင်း ပြောဆိုထားပေမယ့် ယူကရိန်းမှာ အီရန်ဒရုန်းတွေ အမြောက်အမြား တွေ့မြင်လာရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့တော့ ဘာမှ မဖြေရှင်းဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

စျေးပေါတဲ့ အီရန်ဒရုန်းတွေကို ယူကရိန်းမှာ ရုရှားစစ်တပ် ဖောဖောသီသီ သုံးစွဲနေ
စျေးပေါတဲ့ အီရန်ဒရုန်းတွေကို ယူကရိန်းမှာ ရုရှားစစ်တပ် ဖောဖောသီသီ သုံးစွဲနေ

ယူကရိန်း စစ်မြေပြင်မှာ ရုရှားဟာ စျေးပေါတဲ့ အီရန်ဒရုန်းတွေကို ဖောဖောသီသီ သုံးစွဲလာနေကြောင်း သိရပါတယ်။

အနောက်နိုင်ငံတွေရဲ့ စစ်လက်နက်ဆိုင်ရာ ပညာရှင်တွေက အီရန်ရဲ့ ဒရုန်းတွေဟာ နည်းပညာ အရမ်းမမြင့်ပေမယ့် ရှေ့တန်းရောက် ယူကရိန်း စစ်သည်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ကြုံလာစေနိုင်တယ်လို့ သတိပေးကြပါတယ်။ အခုဆိုရင် ယူကရိန်းက အိုဒက်ဆာမြို့လို နေရာမှာ နေ့တိုင်းလိုလို အီရန် ဒရုန်းတွေရဲ့ စစ်ဆင် တိုက်ခိုက်မှုကို ကြုံနေရပါတယ်။

ဒရုန်းအန္တရာယ်ကြောင့် အခုဆိုရင် အိုဒက်ဆာ မြို့ခံတချို့ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်ဖို့ ဆုံးဖြတ်ရတဲ့ထိ ဖြစ်လာကြောင်းလည်း သိရပါတယ်။ ရုရှားဟာ အီရန် ဒရုန်းတွေကို အသုံးပြုပြီး ယူကရိန်းရဲ့ စစ်စခန်းတွေနဲ့ ဆိပ်ကမ်းတွေ၊ တခြား အခြေခံ အဆောက်အအုံတွေကို ပိုမို တိုက်ခိုက်လာနေပါတယ်။

မြို့ပြင်ဧရိယာက လက်နက်ရုံတွေနဲ့ တခြားသိုလှောင်စခန်းတွေလည်း အီရန် ဒရုန်းတွေရဲ့ အန္တရာယ်ကို စိုးရိမ်နေရပါတယ်။ အီရန်ရဲ့ Shahed-136 အမျိုးအစား ဒရုန်းတွေ ခေါင်းပေါ်က ဖြတ်ပျံသွားတိုင်း ဆိပ်ကမ်း လုပ်သားတွေက အပြေးအလွှား အကာအကွယ်ယူ တိမ်းရှောင်နေကြရပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အီရန်လုပ် ဒရုန်းတချို့ကို ပစ်ချခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဒရုန်းတွေဟာ ယူကရိန်း ရေဒါတွေနဲ့ ထောက်လှမ်းဖို့ ခက်ခဲလောက်အောင် ခပ်နိမ့်နိမ့် ပျံသန်းနိုင်စွမ်း ရှိနေပါတယ်။ မနက်ပိုင်း ထင်ထင်ရှားရှား မြင်ရတဲ့ အချိန်တွေမှာ ဒရုန်းတွေကို ပခုံးထမ်း လောင်ချာတွေနဲ့ ပစ်ချနိုင်ပေမယ့် ညဖက်ဆိုရင် ဒရုန်းတွေက အားသာသွားတယ်လို့ ရှေ့တန်းရောက် ယူကရိန်း စစ်သားတွေက ပြောပါတယ်။

အခုဆိုရင် ရုရှားကို ဒရုန်းတွေ ထောက်ပံ့တဲ့အတွက် အီရန်ကို သံတမန်ရေးရာ ဆက်ဆံမှုတွေ လျှော့ချသွားမယ်လို့ ယူကရိန်း အစိုးရက ကြေညာခဲ့ပါတယ်။ အီရန် ဒရုန်းတွေက ခပ်နှေးနှေးပဲ ပျံသန်းနိုင်ပေမယ့် ပစ်မှတ်ကို ထိုးစိုက်ပြီး ဖျက်ဆီးတဲ့ အချိန်မျိုးကျရင် ဒုံးကျည်နဲ့ ပစ်သလို ပေါက်ကွဲအား ပြင်းထန်ကြောင်း အိုဒက်ဆာ ရှေ့တန်း စစ်မျက်နှာကို ရောက်နေတဲ့ ယူကရိန်း တပ်မှူး တစ်ယောက်က ပြောပါတယ်။

ရုရှားလိုလားသူ တချို့ကတော့ အီရန်ရဲ့ ဒရုန်းတွေဟာ အမေရိကန်က ယူကရိန်းကို ထောက်ပံ့ထားတဲ့ HIMARS ဒုံးကျည် စနစ်တွေထက်တောင် အစွမ်းထက်သေးတယ်လို့ အွန်လိုင်းပေါ်မှာ လော်ဘီလုပ် ရေးသားနေကြပါတယ်။ တချို့ကလည်း အီရန် ဒရုန်းတွေ လက်ချက်ကြောင့် ပျက်စီးသွားတယ်ဆိုတဲ့ ယူကရိန်း သံချပ်ကာယာဉ်တွေနဲ့ လက်နက်ကြီး စနစ်တွေရဲ့ ဓာတ်ပုံတွေကို ဖြန့်ဝေနေပါတယ်။

အီရန်ဟာ ရုရှားကို လက်နက် ထောက်ပံ့ ရောင်းချမှုတွေ မရှိကြောင်း ပြောဆိုထားပေမယ့် ယူကရိန်းမှာ အီရန်ဒရုန်းတွေ အမြောက်အမြား တွေ့မြင်လာရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့တော့ ဘာမှ မဖြေရှင်းဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။