Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း ​လေးမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ CDMပြုလုပ်ရန်သတိပေးပြီးနောက် တစ်လအတွင်းCDMလုပ်လာသူ ၄၀၀ ခန့်ရှိ

ပင်လယ်ဘူးမြို့နယ်ရုံး အနီးဝန်းကျင်ရှိ ကျေးရွာများမှစုစည်း ရရှိသောစာရင်း ဖြစ်ပြီး အရေအတွက် ပိုလာနိုင်ကြောင်းလည်းPeople’s Spring ၏​ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

(၂၀၂၁ ခုနှစ် ​ဖေ​ဖော်ဝါရီလလယ်တွင်စစ်အုပ်စုအာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အစိုးရဝန်ထမ်းများ CDM လုပ်ကြရန် ဆန္ဒထုတ်​ဖော်​နေ​သောပြည်သူများ။ဓါတ်ပုံ-AFP)
(၂၀၂၁ ခုနှစ် ​ဖေ​ဖော်ဝါရီလလယ်တွင်စစ်အုပ်စုအာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အစိုးရဝန်ထမ်းများ CDM လုပ်ကြရန် ဆန္ဒထုတ်​ဖော်​နေ​သောပြည်သူများ။ဓါတ်ပုံ-AFP)

▪︎အခြားမြို့နယ်များတွင်လည်း CDMပြုလုပ်သူဆက်တိုက်တိုး​နေပြီးအများစုမှာ ပညာရေး၊ ကျန်းမာရေးနှင့်ထွေအုပ်တို့ဖြစ်

စစ်ကိုင်းတိုင်း၌ စစ်ကောင်စီလက်​အောက်တွင်တာဝန်ထမ်း​နေ​​သောဝန်ထမ်းများကို အလင်းဝင်ရန် သက်ဆိုင်ရာမြို့နယ်အလိုက်စက်တင်ဘာလဒုတိယပါတ်တွင်နောက်ဆုံးသတိပေးကြေညာချက်များ ထုတ်ပြန်ပြီးနောက်ထီးချိုင့်၊ ပင်လယ်ဘူး၊ ဝန်းသိုနှင့် ကသာမြို့နယ်များရှိ Non-CDM ဝန်ထမ်း ၄၀၀ ခန့် CDM ပြုလုပ်လာကြောင်း စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဝန်းသိုမြို့နယ်တွင် စက်တင်ဘာ ၁၂ရက်က Non-CDMများ အလင်းဝင်ရန် အမိန့်ထုတ်ပြီးနောက် ပညာရေး ဝန်ထမ်း ၁၄၀ အပါအဝင် ဌာနာ ၈ခုမှ ဝန်ထမ်း ၁၆၁ဦး CDM ပြုလုပ်လာသည်ဟု မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့မှသိရသည်။ ပညာရေး၊ ကျန်းမာရေး၊ ထွေအုပ်၊ မီးရထား၊ သစ်တော၊ မီးသတ်၊ စာရင်းစစ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဌာနတို့မှတာဝန်ရှိသူများ​ဖြစ်​ကြောင်းသိရသည်။

ထို့ပြင် ကသာမြို့နယ်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ ထွေအုပ် တို့မှ Non-CDM ဝန်ထမ်း ၄၅ဦး CDM ပြုလုပ်လာသကဲ့သို့ ပင်လည်ဘူးမြို့နယ် တွင်လည်း ဝန်ထမ်း ၇၄ဦး CDM ပြုလုပ်လာခဲ့သည်ဟုတာဝန်ရှိသူက​ပြောသည်။ အဆိုပါ ၇၄ဦးတို့သည် စိုက်ပျိုးရေး၊ ထွေအုပ်၊ စည်ပင်၊ ကျန်းမာရေး၊ မြေစာရင်း၊ လျှပ်စစ်၊ သစ်တောနှင့် ပညာရေးဌာနများမှ ဖြစ်သည်။

ပင်လယ်ဘူးမြို့နယ်ရုံး အနီးဝန်းကျင်ရှိ ကျေးရွာများမှစုစည်း ရရှိသောစာရင်း ဖြစ်ပြီး အရေအတွက် ပိုလာနိုင်ကြောင်းလည်းPeople’s Spring ၏​ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့နယ်မှ သတင်းရင်းမြစ်ကလည်း “ ကျွန်တော်တို့ဆီမှာလည်း ၁၀၀ ကျော်တယ်။ အခြားမြို့နယ် တော်တော်များများလည်း ဝင်ကြတယ်။ တစ်ရာကျော်တွေချည်းပဲ။ အများအားဖြင့် ပညာရေးတွေပေါ့။ ပညာရေးက နံပါတ်တစ် အဓိက အများဆုံး။ ကျန်းမာရေးနဲ့ ထွေအုပ်က တချို့ရှိတယ်။ အခြားဌာနတွေကတော့ နည်းပါတယ်” ဟု ပြောသည်။

ယခု ဖိတ်ခေါ်မှုသည် စစ်ကောင်စီထောက်တိုင်အဖြစ် ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များကို နောက်ဆုံး အခွင့်အရေးပေးခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“CDM ဝင်ဖို့ ခေါ်တယ်။ အခုချိန် အလင်းဝင်ဖို့ ခေါ်တယ်ဆိုတာ သူတို့ကို အခွင့်အရေးပေးတာ။ တချိန်မှာ တော်လှန်ရေးပြီးသွားလို့ NUG အစိုးရ လည်ပတ်တဲ့အခါ သူတို့အတွက် နောက်ဆက်တွဲ NUG အစိုးရ အရေးယူမှုတွေမပါလာအောင် သူတို့ အတွက် အခွင့်အရေးပေးပြီး ဖိတ်ခေါ်တာပါ။

နောက်ဆုံးအနေနဲ့ စစ်ကောင်စီ ထောက်တိုင်ကိုလည်း ဖြုတ်ရင်း သူတို့အတွက်ကိုလည်း အခွင့်အရေးပေးပြီး နောက်ဆုံးဖိတ်ခေါ်တာပါ” ဟု ထီးချိုင့်မြို့နယ်မှ သတင်းရင်းမြစ်က ပြောသည်။

ယခုကဲ့သို့ Non-CDM ဝန်ထမ်းအများအပြား CDM ပြုလုပ်နေချိန်တွင် စစ်ကောင်စီတပ်ကလည်း CDM ကူညီရေးအဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို ထိုးနှက်တိုက်ခိုက်သည့် ဝါဒဖြန့်မှုများ လုပ်ဆောင်လျက်ရှိသည်။ CDM ဝင်ပြီး စစ်ကောင်စီတပ်ထံ ပြန်ရောက်လာသည့် ဗိုလ်မှူးမျိုးမင်း ထွန်းအား စစ်ကောင်စီက ၎င်းတို့ ပြောကြားခိုင်းလိုသည်များကို ပြောဆိုခိုင်းထားသည့် ရုပ်သံဖိုင်ကို စစ်ကောင်စီလက်အောက်ခံ မီဒီယာနှင့် ဝါဒဖြန့်ချန်နယ်များမှ တဆင့်ဖြန့်ချိခဲ့သည်။

ထိုသို့ CDM လုပ်ပြီးမှ Non-CDM ပြန်ဖြစ်သွားသည့် ဖြစ်စဉ်အချို့နှင့်ပတ်သတ်ပြီးမျှော်လင့်ထားပြီးသားဖြစ်ကြောင်း၊ တော်လှန်ရေး၌ အခက်အခဲများစွာ ရှိသော်လည်း နည်းမျိုးစုံဖြင့် ကြံ့ကြံ့ခံရပ်တည်နေသည့် CDMများစွာရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သတင်းနှင့်ပြန်ကြားရေး အဖွဲ့မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးနေဘုန်းလတ်ကယမန်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

“တပ်က၊ ရဲက အခုလို Non-CDM ပြန်ဖြစ်သွားသူရှိသလို အခုအချိန်ထိ CDM လုပ်နေတယ် တော်လှန်ရေးစကတည်းက တောက်လျှောက် တော်လှန်ရေးမှာလည်း အများကြီး ထဲထဲဝင်ဝင် ပါနေတဲ့ တပ်၊ ရဲ CDMတွေအများကြီးပါ။ တချို့ဆို တော်လှန်ရေးဘက်က ပြန်ပြီးတော့တိုက်ပွဲဝင်ပြီး အသက်တောင် မြင့်မြတ်စွာ စွန့်လွှတ်သွားတဲ့ တပ်၊ ရဲ CDMတွေလည်းရှိနေပါတယ်” ဟု ဦးနေဘုန်းလတ်ကဆက်ပြောသည်။

စစ်ကိုင်းတိုင်းတွင် မြို့နယ်များ အနေဖြင့် အမျိုးသာညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ Non-CDM ဝန်ထမ်းများ အလင်းဝင်ရန် ကြေညာချက်များကို စက်တင်ဘာလအတွင်း၌ မြို့နယ်အသီးသီးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။