Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က အသက်(၃)နှစ် (၃)လအရွယ် ကလေးငယ် တစ်ဦးကို ရာဇဝတ်သားတစ်ဦးကဲ့သို့ ဆက်ဆံနေချိန် ကုလသမဂ္ဂတိတ်ဆိတ်နေသည်ဟု မြန်မာသံအမတ်ကြီး မေးခွန်းထုတ်

ယမန်နေ့တွင် ကျင်းပသည့် (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေး၌ ကလေးသူငယ်များအခွင့်အရေးနှင့်ပတ်သက်၍ သံအမတ်ကြီးက မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များတွင် အဓိကပစ်မှတ်ထားခံနေရကြောင်း ထည့်သွင်းအစီရင်ခံသည်။

စစ်တပ်က အသက်(၃)နှစ် (၃)လအရွယ် ကလေးငယ် တစ်ဦးကို ရာဇ၀တ်သားတစ်ဦးကဲ့သို့ ဆက်ဆံနေချိန် ကုလသမဂ္ဂတိတ်ဆိတ်နေသည်ဟု မြန်မာသံအမတ် ကြီး မေးခွန်းထုတ်
စစ်တပ်က အသက်(၃)နှစ် (၃)လအရွယ် ကလေးငယ် တစ်ဦးကို ရာဇ၀တ်သားတစ်ဦးကဲ့သို့ ဆက်ဆံနေချိန် ကုလသမဂ္ဂတိတ်ဆိတ်နေသည်ဟု မြန်မာသံအမတ် ကြီး မေးခွန်းထုတ်

မြန်မာစစ်တပ်က အသက် ၃ နှစ် ၃ လအရွယ် ကလေးငယ်တစ်ဦးကို ရာဇ၀တ်သားတစ်ဦးကဲ့သို့ ဆက်ဆံနေချိန်တွင် ကုလသမဂ္ဂက မည်သည့်ဆောင်ရွက်မှုမျှမရှိဘဲ တိတ်ဆိတ်နေသည်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထွေထွေညီလာခံ၌ မေးခွန်းထုတ်ခဲ့သည်။

ယမန်နေ့တွင် ကျင်းပသည့် (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေး၌ ကလေးသူငယ်များအခွင့်အရေးနှင့်ပတ်သက်၍ သံအမတ်ကြီးက မြန်မာနိုင်ငံရှိ ကလေးငယ်များသည် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များတွင် အဓိကပစ်မှတ်ထားခံနေရကြောင်း ထည့်သွင်းအစီရင်ခံသည်။

ပြီးခဲ့သည့် မတ်လတွင် အသက် ၃ နှစ် ၃ လ အရွယ် ကလေးငယ်သည် ၎င်း၏ မိခင်၊ အဖွားဖြစ်သူနှင့်အတူ ထောင်ဒဏ် ၃ နှစ် ချခံခဲ့ရပြီး ထို ကလေးငယ်ကို ရာဇ၀တ်သားတစ်ဦးကဲ့သို့ ဆက်ဆံခံနေရချိန်တွင် ကုလသမဂ္ဂအနေဖြင့် မည်သည့်ဆောင်ရွက်မှုမျှမရှိဘဲ ဘေးတွင် ဆိတ်ဆိတ်ထိုင်နေနိုင်ခြင်းမျိုး လုပ်နေနိုင်မည်ကို သဘာပတိနှင့် ကိုယ်စားလှယ်များကို မေးခွန်းထုတ်လိုကြောင်း မြန်မာသံအမတ်ကြီးက ပြောသည်။

နောက်ထပ် ဥပမာတစ်ခုအနေဖြင့် စက်တင်ဘာ ၁၆ ရက်တွင် စစ်တပ်က လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ရပ်ရွာအခြေပြု စာသင်ကျောင်းကို ဗုံးကြဲခဲ့ရာ ကလေးငယ် များ သေကြေထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်ကိုလည်း သံအမတ်ကြီးက ထပ်မံ အစီရင်ခံသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်းသည် ပြီးခဲ့သည့် ရက်ပေါင်း ၆၀၀ ကျော်အတွင်း ရံဖန်ရံခါထွက်ပေါ် လာတတ်သည့် အချို့မိန့်ခွန်းများ၊ ရှုတ်ချမှုများနှင့် တောင်းဆိုမှုများရှိခဲ့သော်လည်း အကြမ်းဖက်စစ်တပ်သည် ပြစ်မှုကင်းလွတ်ခွင့်အခွင့်အရေးကို ဆက်လက်ရရှိခံစားနေကြောင်း ထောက်ပြသည်။

စိုးရိမ်ပူပန်ကြောင်း နှုတ်ဖြင့် ပြောကြားမှုများသည် စစ်တပ်၏ လူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်နိုင်ခြင်းမရှိသည့်အတွက် ကလေးသူငယ်များကို ကာကွယ်ပေးနိုင်ရေးအတွက် ပူးပေါင်းညှိနှိုင်းပြီး တိကျသည့်ဆောင်ရွက်ချက်များကို ချက်ချင်းအရေးယူဆောင်ရွက်ခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုခြင်းတို့အပါအဝင် ပိုမိုထင်ရှားသောခြေလှမ်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း သံအမတ်ကြီးက တိုက်တွန်းသည်။

ထို့အပြင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အကြမ်းဖက်စစ်တပ်အပေါ် အရေးယူတုံ့ပြန်သည့် ဆောင်ရွက်ချက်များကို ပြုလုပ်ရန် နှောင့်နှေးနေသည့်အချိန်တိုင်းတွင် ကလေးသူငယ်များ၏ အသက်များနှင့် လွတ်လပ်ခွင့်များ ပေးဆပ်နေရကြောင်း သံအမတ်ကြီးက သတိပေးသည်။

ကုလသမဂ္ဂအနေဖြင့် အထူးသဖြင့် ကလေးသူငယ်များ၏ အသက်နှင့် အခွင့်အရေးများကို ကာကွယ်ပေးသည့် ဆောင်ရွက်ချက်များအပါအဝင် မြန်ဆန်ပြတ်သားသည့် ဆောင်ရွက်ချက်များ ပြုလုပ်ရန် ထပ်မံ၍ တိုက်တွန်းကြောင်းနှင့် လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာပြည်သူများကို ကာကွယ်ပေးရန် တာဝန်ယူရမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။