Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က အရပ်သားဟန်ဆောင်၍ မိုင်းထောင်ခြင်းနှင့် ကင်းထောက်ခြင်းပြုလုပ်နေ၍ သတိပြုရမည့်အချက်များ ကရင်နီတပ်မတော် ထုတ်ပြန်

အထူးသဖြင့် ဖရူဆိုမြို့နယ်၊ထီးပေါ်ဆိုကျေးရွာ အုပ်စုအတွင်း၌ သက်ဆိုင်ရာကျေးရွာအလိုက် မြေမြုပ်မိုင်းများကို အထူးသတိပြုရန် ဖော်ပြသည်။

(ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင်များနှင့် မိုင်းရှင်းလင်းနေသည့် KA တပ်ဖွဲ့ဝင်ကို တွေ့ရစဥ်၊ဓာတ်ပုံ RFH-KA)
(ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင်များနှင့် မိုင်းရှင်းလင်းနေသည့် KA တပ်ဖွဲ့ဝင်ကို တွေ့ရစဥ်၊ဓာတ်ပုံ RFH-KA)

အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားများဟန်ဆောင်၍ မိုင်းထောင်ခြင်းနှင့် ကင်း ထောက်ခြင်းများပြုလုပ်နေသဖြင့် ပြည်သူများ သတိပြုရမည့်အချက်များကို ကရင်နီတပ်မတော် (KA)က ယနေ့(အောက်တိုဘာ ၁၄ ရက်) တွင် ထုတ်ပြန်သည်။

မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်ရေးတည်ဆောက်မှုကို ဆန့်ကျင်တော်လှန်ရာတွင် ပြည်သူများ၏ အသက်အိုးအိမ်ဆုံးရှုံးမှုများရှိခဲ့ရာ လက်ရှိအခြေအနေအရ ပြည်သူများသတိပြုရမည့်အချက်များကို အသိပေးခြင်းဟု ဆိုသည်။

အထူးသဖြင့် ဖရူဆိုမြို့နယ်၊ထီးပေါ်ဆိုကျေးရွာ အုပ်စုအတွင်း၌ သက်ဆိုင်ရာကျေးရွာအလိုက် မြေမြုပ်မိုင်းများကို အထူးသတိပြုရန် ဖော်ပြသည်။

(ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင်များနှင့် မိုင်းရှင်းလင်းနေသည့် KA တပ်ဖွဲ့ဝင်ကို တွေ့ရစဥ်၊ဓာတ်ပုံ RFH-KA)
(ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင်များနှင့် မိုင်းရှင်းလင်းနေသည့် KA တပ်ဖွဲ့ဝင်ကို တွေ့ရစဥ်၊ဓာတ်ပုံ RFH-KA)

“ပြီးခဲ့တဲ့ လပိုင်းက ထီးပေါ်ဆို အုပ်စုမှာရှိတဲ့ ငွေတောင်ရွာသစ်၊ကဒါးလား၊ထီးတော်ကူ နဲ့ ထီးပေါ်ဆို တို့မှာ နေ့တိုင်းတိုက်ပွဲရှိခဲ့တယ်။အထူးသဖြင့်တော့ အဲဒီနေရာတွေမှာ စကစက မြေမြုပ်မိုင်းတွေ အဆမတန် သုံးထားတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြော သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကာင်စီတပ်သည် အရပ်သားဟန်​ဆောင်၍ ကင်းထောက်ခြင်း၊မိုင်းထောင်ခြင်းပြု လုပ်လေ့ရှိသဖြင့် ပြည်သူများအနေဖြင့် သူစိမ်း များကို တွေ့ရှိပါက သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊အုပ်ချုပ်ရေးအဖွဲ့များ၊ တော်လှန်ရေးအဖွဲ့များသို့ အကြောင်းကြား၍ သော်လည်းကောင်း ကိုယ်တိုင်စစ်ဆေးမေးမြန်းခြင်းဖြင့် သတင်းပေးပို့ရန် KA က တိုက်တွန်း သည်။

အလားတူ ကွိုင်ငံ-ဒေါညေးခူ-ထီးပေါ်ဆို-ကဒါးလား လမ်းပိုင်းကို တစ်ပတ်လျှင် တနင်္လာ၊အင်္ဂါနှင့် ဗုဒ္ဓဟူး သုံးရက်သာ သွားလာခွင့် ပြုမည်ဟု အသိပေးသည်။

ခရီးသွားလာရာတွင်လည်း သာမန်ပြည်သူဖြစ်ပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များကို ကြိုတင်အသိပေး ခွင့်ပြုချက်ဖြင့် ရယူရန်နှင့် အခြားပြည်နယ်မှ ပြည်သူများ အနေဖြင့်လည်း ကရင်နီဒေသတွင် ခရီးသွားလာပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပြည်သူအုပ်ချုပ်ရေး အဖွဲ့များအား ဆက်သွယ်သွားလာရန်လည်း သတ်မှတ်ထားသည်။

သို့သော် ကရင်နီပြည်နယ်အတွင်း ပြည်သူများနှင့် ဆက်စပ်နယ်မြေရှိပြည်သူများကိုသာ သွား လာခွင့်ပြုထားပြီးအခြားပြည်နယ်ဒေသမှ လူပုဂ္ဂိုလ်များကို အချိန်ကာလ တစ်ခုအထိသွားလာခွင့်ပြုမည်မဟုတ်သေးကြောင်းလည်း KA က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတဲ့ ကရင်နီတပ်မတော်(KA)ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၇၇) သင်တန်းဆင်းပွဲကို ဒီကနေ့ မေလ ၁၉ရက်မှာ ပြုလုပ်ခဲ့ပါတယ်။