Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာဒုံ​လေတပ်ပြုပြင်​ရေးစခန်းအားရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှု​သေဆုံးထိခိုက်မှုများရှိ

လေတပ်စခန်းဝန်းအတွင်းပေါက်ကွဲမှုဖြစ်စဥ်ကိုစစ်ကောင်စီတပ်က သတင်းဖုံးအုပ်ထားပြီး အသံမိုင်းပေါက်ကွဲ ခြင်းဟုသာစစ်ကောင်စီဝါဒဖြန့်သူများကဖြန့်ဝေလျှက်ရှိသည်။

(​မင်္ဂလာဒုံလေတပ်စခန်းကိုGoogle Map မှ​တွေ့ရပုံ)
(​မင်္ဂလာဒုံလေတပ်စခန်းကိုGoogle Map မှ​တွေ့ရပုံ)

စစ်​ကောင်စီတပ်၏ ​မင်္ဂလာဒုံလေတပ်ပြုပြင်ရေးစခန်း ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်ခံရသည့်ဖြစ်စဥ်တွင် စစ်ကောင်စီ တပ်မှ သေဆုံးဒဏ်ရာရရှိသူများရှိကြောင်း ခိုင် မာသည့် သတင်းရင်းမြစ်များက လူထုနွေဦး သို့ အတည်ပြုသည်။

ယမန်နေ့(အောက်တိုဘာ ၁၄ ရက်) ည ၈ နာရီဝန်းကျင်က မင်္ဂလာဒုံလေတပ်ပြုပြင်ရေးစခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခံရခြင်းဟုသိရသည်။

“နှစ်လုံးကလေတပ်စခန်းထဲကျပြီးပေါက်တာ။ကျန်တဲ့တစ်လုံးက မအောင်မြင်လိုက်ဘူး”ဟု ရန်ကုန်အခြေစိုက် မြို့ပြတော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လေတပ်စခန်းဝန်းအတွင်းပေါက်ကွဲမှုဖြစ်စဥ်ကိုစစ်ကောင်စီတပ်က သတင်းဖုံးအုပ်ထားပြီး အသံမိုင်းပေါက်ကွဲ ခြင်းဟုသာစစ်ကောင်စီဝါဒဖြန့်သူများကဖြန့်ဝေလျှက်ရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အင်းစိန်က နေတောင် ကြားရတာ။ပထမတော့ အင်းစိန်ထဲမှာပဲ မိုင်းကွဲတယ်ထင်တာ။သတင်း တွေ ကြည့်တော့ မှ မဂ်လာဒုံဆိုတာ သိရတယ်။ခန့်မှန်ခြေမနေ့ကည၈နာရီ လောက်မှာ တစ်မိနစ်လောက်ပဲ ခြားတယ် နှစ်ကြိမ် အုန်း ဆိုတာ ကြီးက တော်တော်ကျယ်တယ်”ဟု အင်းစိန်မြို့ခံတစ်ဦးကလည်း​ပြောသည်။

ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးအဆိုအရ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်အထိရှိနိုင်ကြောင်းလည်း သိရသည်။​သေဆုံးထိခိုက်မှုအ​ခြေအ​နေကိုPeople’s Spring ကသီးခြားအတည်မပြူနိုင်​သေးပါ။

​ခေတ်သစ်သတင်းဌာနက ​​လေတပ်စခန်းကို​ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခံရပြီး​နောက် ​ထိခိုက်သူများ၍ လူနာတင်ယာဥ် ၃ စီးအ​ရေး​ပေါ်သွား​ရောက်ရ​ကြောင်း​ဖော်ပြထားသည်။

ထို့အပြင် လေတပ်စခန်းအတွင်း ပေါက်ကွဲမှုကြောင့်စစ်ကောင်စီအင်ဂျင်နီယာတပ်မှအ​ရေး​ပေါ်သွား​ရောက်ပြုပြင်ရမှုများလည်းရှိပြီး တပ်အတွင်းအလုပ်ရှုပ်​နေကြကြောင်း အထက်ပါ သတင်းရင်းမြစ်က​ပြောသည်။

​လေတပ်စခန်းကို​ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကိုမည်သည့်အဖွဲ့က ပစ်ခတ်တိုက်ခိုက်သည်ကိုမူယခုအချိန်အထိထုတ်ပြန်ခြင်းမရှိ​သေး​ပေ။

အလားတူ အထက်ပါ လေတပ်စခန်းဝင်းတိုက်ခိုက်ခံရမှုနှင့်စပ်လျဥ်းပြီး ယင်းလေတပ်အဝင်ဂိတ်အား နှစ်ကြိမ်ထက်မနည်း အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ဖူးသည့်တော်လှန်ရေးအဖွဲ့တစ်ခုကလည်း တိုက်ခိုက်မှုဖြစ်ပွားသည်မှာမှန်ကန်ပြီး ၎င်းတို့သိသည့် အဖွဲ့တစ်ခုက တာဝန်ယူတိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

ရန်ကုန်မြို့တွင်ယခုရက်ပိုင်းအတွင် စစ်​ကောင်စီတပ်ပစ်မှတ်များကိုတိုက်ခိုက်မှုများ ပိုများလာသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း ကြည့်မြင်တိုင်မြို့ နယ်တရားရုံးအနီး ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက ကမ်းနားလမ်းတစ်လျောက် စစ်ဆေးမှုများ ရှိခဲ့သည်။

▪︎အမှားပြင်ဆင်ချက်- ကနဦးသတင်း​ဖော်ပြချက်တွင် ​မှော်ဘီ​လေတပ်စခန်းဟုမှားယွင်း​ဖော်ပြမိခဲ့ပါသည်။ မင်္ဂလာဒုံ​လေတပ်ပြုပြင်​ရေးစခန်းဟုပြင်ဆင်သိမှတ်​ပေးပါရန်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။