Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ် ကန်နီရွာရှိ စစ်အုပ်စုစခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

စက်တင်ဘာ ၂ ရက် ည ၁၁ နာရီ၁၅မိနစ်ခန့်က မြိုင်နယ် ကန်နီ(ပျူ)ရွာရှိ စစ်အုပ်စုတပ်စွဲရာနေရာသို့ ရော့ကတ်များ ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း MVRF က အသိပေးသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး တပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ-MVRF)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး တပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ-MVRF)

မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲရာစခန်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး (MVRF)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂ ရက် ည ၁၁ နာရီ၁၅မိနစ်ခန့်က မြိုင်နယ် ကန်နီ(ပျူ)ရွာရှိ စစ်အုပ်စုတပ်စွဲရာနေရာသို့ ရော့ကတ်များ ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း MVRF က အသိပေးသည်။

Public Service Announcement
Public Service Announcement

ပျူများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော Myaing Villages Revolution Front – ( MVRF )၊ SDB၊ ဗိုလ်ဂတုံးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် မြိုင်မြို့နယ်၊ ကန်နီရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများကို မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ PDFအဖွဲ့များပေါင်းကာ တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။