Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရဲတွေကြောင့် အင်ဒို ဘောလုံးကွင်းမှာ လူ ၁၃၀ သေဆုံးတဲ့ အခြေအနေ ကြုံခဲ့တာလို့ဆို

အခုအခါမှာတော့ စုံစမ်း စစ်ဆေးရေး အဖွဲ့ရဲ့ အစီရင်ခံမှုကို ကိုးကားပြီး အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး မာဖွတ်ဒ်အမ်ဒီက ဖြစ်ရပ်တစ်ခုလုံးမှာ အသေအပျောက် အရမ်းများခဲ့တာဟာ မျက်ရည်ယိုဗုံးတွေကြောင့် ဖြစ်တယ်လို့ ကြေညာသွားပါတယ်။

ရဲတွေကြောင့် အင်ဒို ဘောလုံးကွင်းမှာ လူ ၁၃၀ သေဆုံးတဲ့ အခြေအနေ ကြုံခဲ့တာလို့ဆို
ရဲတွေကြောင့် အင်ဒို ဘောလုံးကွင်းမှာ လူ ၁၃၀ သေဆုံးတဲ့ အခြေအနေ ကြုံခဲ့တာလို့ဆို

အင်ဒိုနီးရှားက ဘောလုံးကွင်း တစ်ခုမှာ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ပွားပြီး လူပေါင်း ၁၃၀ လောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ အဓိက တာဝန်ရှိသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး အားကစားရုံ အနိဋ္ဌာရုံ ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး နောက်ကြောင်းပြန် ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုကို တာဝန်ပေးခဲ့ကြောင်း အင်ဒိုနီးရှား လုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီ အဖွဲ့က အချက်အလက်တွေကို စိစစ် အကဲဖြတ်ခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၁ ရက်က ဖြစ်ရပ်ဆိုးဟာ ကွင်းလုံခြုံရေး တာဝန်ယူတဲ့ ရဲတွေရဲ့ မျက်ရည်ယိုဗုံး ပစ်ခတ်မှုတွေကြောင့် အစပြုခဲ့ကြောင်း ဖော်ထုတ် အတည်ပြုခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်က အရှေ့ဂျာဗား ဒေသမှာရှိတဲ့ ကန်ဂျူရူဟန် အားကစားရုံကြီးထဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဘောလုံးအသင်းနှစ်သင်း ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီနောက် ပွဲပြီးရလဒ်ကို မကျေနပ်တဲ့ ရမ်းကားသူ ပရိသတ် တချို့က ကွင်းထဲ ပြေးဝင်လာရာက ရဲတွေနဲ့ အခြေအတင် ပြဿနာတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့က အားကစားရုံထဲမှာ မျက်ရည်ယိုဗုံးတွေ စတင် ပစ်ဖောက်ခဲ့ပါတယ်။

အဲဒီလုပ်ရပ်ကြောင့် အားကစားရုံ ပွဲကြည့်စင်ပေါ်က ပရိသတ်တွေပါ အလန့်တကြား ထွက်ပြေးကြပြီး ရုတ်ရုတ်သဲသဲ အခြေအနေတွေ စတင်ခဲ့ပါတယ်။ အဲဒီနောက် ပရိသတ်တွေ အချင်းချင်း တိုးဝှေ့ရာက လူနင်းခံရတာတွေ၊ ပိမိတာတွေကြောင့် လူ ၁၃၀ သေဆုံးခဲ့သလို ရာနဲ့ချီ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ အခင်းဖြစ်ချိန်က အားကစားရုံထဲမှာ ပရိသတ် အရေအတွက်ကလည်း သတ်မှတ် ဝင်ဆံ့တဲ့ ပမာဏထက် ၄၀၀၀ လောက် ပိုများနေခဲ့သေးတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါမှာတော့ စုံစမ်း စစ်ဆေးရေး အဖွဲ့ရဲ့ အစီရင်ခံမှုကို ကိုးကားပြီး အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး မာဖွတ်ဒ်အမ်ဒီက ဖြစ်ရပ်တစ်ခုလုံးမှာ အသေအပျောက် အရမ်းများခဲ့တာဟာ မျက်ရည်ယိုဗုံးတွေကြောင့် ဖြစ်တယ်လို့ ကြေညာသွားပါတယ်။

အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်နဲ့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဒီပြဿနာကြီးနဲ့ ပတ်သက်လို့ အပြင်းအထန် ဖိအားပေး မေးခွန်းထုတ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ကလည်း ပရိသတ် သောင်းနဲ့ချီ ရှိနေတဲ့ အားကစားရုံထဲမှာ မျက်ရည်ယိုဗုံးတွေ သုံးခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်အပေါ် မေးခွန်းထုတ်ခဲ့ပါသေးတယ်။

အစောပိုင်းမှာတော့ ရဲတွေက သူတို့ရဲ့ အပြစ်ကို အတတ်နိုင်ဆုံး ကာကွယ် ပြောဆိုခဲ့ပြီး အားကစားရုံရဲ့ အဝင်အထွက် တံခါးပေါက်တွေက ကျဉ်းလွန်းတာကြောင့် လူတွေ စုပြုံတိုးဝှေ့ချိန်မှာ အခုလို ဖြစ်သွားရတာပါလို့ ဖြေရှင်းခဲ့ပါစေတယ်။ လတ်တလောမှာတော့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့နဲ့ စစ်တပ်ဟာ ဒီကိစ္စကို အကြောင်းပြုပြီး သူတို့ရဲ့ အရာရှိ တချို့ကို စစ်ဆေးနေတယ်လို့လည်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ကူးတို့ရေယာဉ် တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၆ ဦးသေပြီး ၁၃၀ လောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မီးတောင်ချော်ပြာတွေကြောင့် ပိတ်ထားရတဲ့ နိုင်ငံရဲ့ အဓိက လေဆိပ်အပါအဝင် လေဆိပ်တချို့ကို အင်ဒိုနီးရှားမှာ ပြန်လည် ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook