Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား ဘောလုံးပွဲမှာ လူအုပ်ပြိုဆင်းပြီး လူနင်းခံရမှုတွေကြောင့် ၁၂၉ ဦးထက်မနည်း သေဆုံး

အခြေအနေတွေက မင်းမဲ့စရိုက်အသွင် ကူးပြောင်းသွားကြောင်း၊ လူရမ်းကား ပရိသတ် တချို့ဟာ ရဲတွေကိုလည်း ရန်ပြု တိုက်ခိုက်ခဲ့သလို ရပ်နားထားတဲ့ ကားတွေကိုပါ ဖျက်ဆီးခဲ့ကြောင်း အဖင်တာက ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ရဲ ၂ ဦးလည်း ပါဝင်ကြောင်း သူက အတည်ပြုပါတယ်။

အင်ဒိုနီးရှား ဘောလုံးပွဲမှာ လူအုပ်ပြိုဆင်းပြီး လူနင်းခံရမှုတွေကြောင့် ၁၂၉ ဦးထက်မနည်း သေဆုံး
အင်ဒိုနီးရှား ဘောလုံးပွဲမှာ လူအုပ်ပြိုဆင်းပြီး လူနင်းခံရမှုတွေကြောင့် ၁၂၉ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှား နိုင်ငံက ဘောလုံးပွဲ တစ်ပွဲမှာ အုတ်အော်သောင်းနင်း အခြေအနေတွေကြောင့် လူတွေ တိုးဝှေ့ပြေးလွှားရင်း အချင်းချင်း တက်နင်းမိတာကြောင့် ၁၂၉ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။

ဒီအခြေအနေဟာ တစ်ကမ္ဘာလုံးက အားကစားရုံတွေမှာ ကြုံဖူးသမျှ အဆိုးဆုံး ဖြစ်စဉ်တွေထဲက တစ်ခုအဖြစ် မှတ်တမ်း ဝင်လာခဲ့ပါတယ်။ အောက်တိုဘာ ၁ ရက်က အရီမာ အသင်းဟာ အရှေ့ဂျာဗားမှာ ခါးသီးပြိုင်ဘက် ပါဆီဘာယာ ဆူယာဘာယာ အသင်းကို အရေးနိမ့်ခဲ့ပါတယ်။ အဲဒီ ပွဲစဉ်အပြီးမှာ ပရိသတ် တချို့က ဆူပူ သောင်းကျန်းလာလို့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ် လူစုခွဲခဲ့ရာက အခြေအနေတွေ ရှုပ်ထွေးကုန်တာ ဖြစ်ပါတယ်။

ဘောလုံးပွဲ ကျင်းပရာ အားကစားကွင်းမှာ အမှန်တကယ် ပရိသတ် ဝင်ဆံ့တဲ့ ဦးရေထက် လူ ၄၀၀၀ လောက် ပိုဝင်ရောက်နေခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ အုတ်အော်သောင်းနင်းနဲ့ တိုးဝှေ့ ပြေးလွှားရင်း အချင်းချင်း နင်းမိကြတာကြောင့် အခုဆို အသေအပျောက် ၁၂၉ ဦး အတည်ပြု သိရှိထားပြီး ၁၈၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် အတောအတွင်း တစ်နိုင်ငံလုံးက အမှတ်ပေး ပြိုင်ပွဲတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗီဒီယို မှတ်တမ်းတွေအရ ပွဲသိမ်းခရာ မှုတ်လိုက်ချိန်မှာ ပရိသတ် တချို့က ကွင်းထဲ ဝင်ပြေးလာတာကို တွေ့ရပါတယ်။ စည်းလွတ်ဝါးလွတ် ဝင်သောင်းကျန်းတဲ့ ပရိသတ်တွေကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက အင်အားသုံး တားဆီးပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ပါတယ်။ အဲဒီ အခြေအနေ နောက်ဆက်တွဲအဖြစ် ပွဲကြည့်စင်ဖက်မှာပါ လူတွေ ကသောင်းကနင်း ဖြစ်ကုန်ပြီး အသေအပျောက် များခဲ့တာလို့ အရှေ့ဂျာဗား ရဲတပ်ဖွဲ့ အကြီးအကဲ နစ်ကို အဖင်တာက ပြောပါတယ်။

အခြေအနေတွေက မင်းမဲ့စရိုက်အသွင် ကူးပြောင်းသွားကြောင်း၊ လူရမ်းကား ပရိသတ် တချို့ဟာ ရဲတွေကိုလည်း ရန်ပြု တိုက်ခိုက်ခဲ့သလို ရပ်နားထားတဲ့ ကားတွေကိုပါ ဖျက်ဆီးခဲ့ကြောင်း အဖင်တာက ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ရဲ ၂ ဦးလည်း ပါဝင်ကြောင်း သူက အတည်ပြုပါတယ်။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆန်းစစ်နေဆဲ အခြေအနေမှာ တိတိကျကျ မှတ်ချက် မပေးသေးပေမယ့် လူအုပ်ကို ထိန်းသိမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘောလုံးကွင်းထဲမှာ ဘယ်လို ဓာတ်ငွေ့မျိုးမှ အသုံး မပြုသင့်ဘူးလို့ ရဲတပ်ဖွဲ့အပေါ် ဝေဖန်ထားပါတယ်။ အင်ဒိုနီးရှား ဘောလုံး အဖွဲ့ချုပ်က အခုကိစ္စဟာ နိုင်ငံရဲ့ ဘောလုံးလောက တစ်ခုလုံးကို မျက်နှာပျက်စေခဲ့ပြီး လိုအပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာပါတယ်။

ဘောလုံးပွဲ မစခင် ကတည်းက ပြဿနာတွေ ဖြစ်လာမှာစိုးလို့ ပါဆီဘာယာ ဆူယာဘာယာ အသင်းရဲ့ ပရိသတ်တွေကို လက်မှတ် ရောင်းချခွင့် ပိတ်ပင်ထားခဲ့ပေမယ့် အခြေအနေဆိုးတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ ကန်ဂျူရူဟန် ကွင်းထဲမှာ ပရိသတ် ၃၈၀၀၀ ပဲ ဝင်ဆံ့ပေမယ့် ရောင်းချထားတဲ့ လက်မှတ် အရေအတွက်က ၄၂၀၀၀ ကျော်လွန်နေခဲ့ပါတယ်။

ဆယ်စုနှစ်တွေ အတော်များများ အတွင်းမှာတော့ ဒါဟာ လူအသေအပျောက် အများဆုံး ဘောလုံးကွင်းတွင်း ဆူပူမှု ဖြစ်လာပါတယ်။ ၁၉၆၄ ခုနှစ်က ပီရူးနိုင်ငံ၊ လီမာမြို့မှာ ပီရူးနဲ့ အာဂျင်တီးနားတို့ အိုလံပစ် ခြေစစ်ပွဲ ယှဉ်ပြိုင်တုန်းကလည်း ကသောင်းကနင်း ဖြစ်စဉ်တွေကြောင့် လူအုပ်ပြိုကျပြီး ၃၂၀ သေ၊ ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာချန်ပီယံဆုအတွက်ရေပန်းအစားဆုံဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုသရေကစားခဲ့တဲ့လူသစ်တန်းနိုင်ငံငယ်လေးကိပ်ဗာဒီကသရေကစားခဲ့တဲ့နောက်အဲဒီပွဲမှာသူရဲကောင်းဖြစ်ခဲ့သူဂိုးသမားဗိုဇင်ဟာရဲ့ Instagram အကောင့်မှာfollowerအရေအတွက်ကသန်းနဲ့ချီရုတ်တ ရက်တိုးပွားလာခဲ့ပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။