Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦး – ပခုက္ကူလမ်းဘေးရှိ ရွာများအား ဖျက်ဆီးနေသော စစ်ကောင်စီတ​ပ်ကို တိုက်ခိုက်

PDFရဲဘော်အချို့လည်း ထိခိုက်သေဆုံးသည်ဟုဆိုပြီး ချောင်းဦး PDFက အသိပေးထားခြင်းမရှိပေ။ ဖြစ်စဥ်နှင့်ပတ်သက်၍ ချောင်းဦး PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသောဗုံးများ၊ ဓာတ်ပုံ-ချောင်းဦး PDF
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသောဗုံးများ၊ ဓာတ်ပုံ-ချောင်းဦး PDF

▪️စစ်ကောင်စီက နေအိမ် ၁၅၀ခန့် မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ ချောင်းဦး – ပခုက္ကူလမ်း​ဘေးရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို နှစ်ကြိမ်တိုင် တိုက်ခိုက်ရာ ခြောက်ဦးထက်မနည်းသေဆုံးကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာလ ၁၅ ရက်) နံနက် ၆ နာရီခွဲက ချောင်းဦးမြို့နယ်၊ မှန်ချိုရွာတွင် တပ်စွဲထားသော အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ငါးယှန် ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာပြီး နံနက် ၈ နာရီခွဲတွင်ပြန်လှည့်ကာ မှန်ချိုနှင့်ဆင်မြေကျေးရွာကြားသို့ ချဉ်းကပ်လာခဲ့သည်။

ထိုမှတစ်ဆင့် နံနက် ၉ နာရီ ၁၅မိနစ်တွင် ငါးလုံးတင် ရွာဘက်သို့ တောလမ်းအတိုင်း ဦးတည်ထွက် ခွာပြီး နံနက် ၉နာရီ မိနစ် ၄၀ခန့်တွင် မထိသာရွာအနီး၌ Chaung U Middle Wolves Army နှင့် CHUPDF တပ်ခွဲ(၃) ရဲဘော်များက ပဒေသာမိုင်း (၁) လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက် သေဆုံးမှုအခြေအနေ မသိရသေးကြောင်း ချောင်းဦး PDFက အသိပေးသည်။

နံနက် ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီစစ်ကြောင်းသည် မထိသာရွာစပ်မှစ၍ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ရာ ညနေ ၃နာရီခွဲတွင် ငါးလုံးတင်ရွာဘက်သို့ ထွက်ခွာလာခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကြောင်းကို Chaung U Middle Wolves Army နှင့် CHUPDF တပ်ခွဲ (၃)မှ ရဲဘော် များက ပဒေသာမိုင်း တစ်လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရ အရေအတွက် မသိရသေးကြောင်း ချောင်းဦး PDFက ဆိုသည်။

ထို့အပြင် ငါးလုံးတင်ရွာအား အောက်တိုဘာ ၁၅ ရက် ညနေ ၃ နာရီ မိနစ်၄၀မှ ​​၁၆ ရက် နံနက် ၂ နာရီအထိ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၅၀ ခန့် မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ချောင်းဦး PDFက အသိပေးသည်။

အဆိုပါစစ်ကြောင်းထွက်ခွာချိန်တွင် Chaung U Middle Wolves Army နှင့် CHUPDF တပ်ခွဲ (၃) ရဲဘော်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ စစ်ကောင်စီထံမှ 40mm ဗုံးသီး (၁၃) လုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း ချောင်းဦး PDFက ထုတ်ပြန်သည်။

ယင်းစစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ချောင်းဦးမြို့နယ် ပကဖ ၊ မုံရွာခရိုင်တပ်ရင်း(၆) တပ်ခွဲ(၁) တို့၏ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၄ ရက် မှ ၁၆ ရက်အထိ ချောင်းဦးမြို့နယ်၊ ချောင်းဦး-ပခုက္ကူလမ်းဘေးရှိ မှန်ချို၊ ဆင်မြေ၊ ငါးလုံးတင်၊ မထိသာကျေးရွာများသို့ စစ်ကြောင်းထိုး၍ နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့သည်။

မှန်ချိုကျေးရွာထိပ်တွင် ပြည်သူတစ်ဦး၊ ငါးလုံးတင်ကျေးရွာမှ ပြည်သူ လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

PDFရဲဘော်အချို့လည်း ထိခိုက်သေဆုံးသည်ဟုဆိုပြီး ချောင်းဦး PDFက အသိပေးထားခြင်းမရှိပေ။ ဖြစ်စဥ်နှင့်ပတ်သက်၍ ချောင်းဦး PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယနေ့နံနက်ပိုင်းတွင်မူ ထိုစစ်ကြောင်းသည်ချောင်းဦးမြို့ဘက်သို့ ပြန်လည်တပ်ဆုတ်သွားကြောင်း၊ မှန်ချိုကျေးရွာမှ လူငယ်အချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ချောင်းဦးမြို့နယ်တွင် အောက်တိုဘာ၁၁ ရက် ကလည်း စစ်ကောင်စီတပ်က မယ်သဲကြိုးကွင်းရွာအား မီးရှို့ဖျက်ဆီးသွား၍ နေအိမ် ၇၉လုံး မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။