Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦး – ပခုက္ကူလမ်း​ဘေးရှိ ရွာနှစ်ရွာကို စစ်ကောင်စီတပ်မီးရှို့၊ ပြည်သူအချို့လည်း သတ်ဖြတ်ခံထားရ

ငါးလုံးတင်ကျေးရွာမှ ပြည်သူ လေးဦးသေဆုံးခဲ့ကြောင်းသိရှိရပြီး သေဆုံးမှုဖြစ်စဉ်ကို မသိရှိရသေးကြောင်း ဒေသခံမိုးသားရိပ်မီဒီယာက ဖော်ပြသည်။

မှန်ချိုကျေးရွာထိပ်၌ သတ်ဖြတ်ခံထားရသူတစ်ဦးအား တွေ့ရစဥ်၊ဓာတ်ပုံ-Chaung U Revolution
မှန်ချိုကျေးရွာထိပ်၌ သတ်ဖြတ်ခံထားရသူတစ်ဦးအား တွေ့ရစဥ်၊ဓာတ်ပုံ-Chaung U Revolution

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က သုံးရက်ဆက် ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့၍ ရွာနှစ်ရွာမီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအချို့လည်း သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ချောင်းဦးမြို့နယ်၊ ချောင်းဦး – ပခုက္ကူလမ်းဘေးရှိ မှန်ချို၊ ဆင်မြေ၊ ငါးလုံးတင်နှင့် မထိသာကျေးရွာများသို့ စစ်ကြောင်းထိုး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ငါးလုံးတင်နှင့် မထိသာကျေးရွာနှစ်ရွာရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်နေရသဖြင့် မီးလောင်ကျွမ်းပျက်စီးမှုအခြေအနေ မသိရသေးပေ။

မှန်ချိုကျေးရွာထိပ်၌ သတ်ဖြတ်ခံထားရသူတစ်ဦးအား တွေ့ရစဥ်၊ဓာတ်ပုံ-Chaung U Revolution
မှန်ချိုကျေးရွာထိပ်၌ သတ်ဖြတ်ခံထားရသူတစ်ဦးအား တွေ့ရစဥ်၊ဓာတ်ပုံ-Chaung U Revolution

ငါးလုံးတင်ကျေးရွာမှ ပြည်သူ လေးဦးသေဆုံးခဲ့ကြောင်းသိရှိရပြီး သေဆုံးမှုဖြစ်စဉ်ကို မသိရှိရသေးကြောင်း ဒေသခံမိုးသားရိပ်မီဒီယာက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မှန်ချိုကျေးရွာထိပ်တွင် နောက်စေ့သေနတ်ထိမှန်ဒဏ်ရာဖြင့်သေဆုံးနေသောအမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းတွေ့ရှိရကြောင်း ChaungU Revolution အဖွဲ့က ပြောသည်။

ယနေ့နံနက်ပိုင်းတွင်မူ ထိုစစ်ကြောင်းသည်ချောင်းဦးမြို့ဘက်သို့ ပြန်လည်တပ်ဆုတ်သွားကြောင်း၊ မှန်ချိုကျေးရွာမှ လူငယ်အချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“လူကြီးတွေက လွတ်လာတယ်။ လူငယ်တွေပါသွားတယ်။ ရွာထဲက ကားရောင်းထားသူတစ်ဦးရဲ့ ငွေတွေလ​ည်း ပါသွားတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။

ချောင်းဦးမြို့နယ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်က မယ်သဲကြိုးကွင်းရွာအား မီးရှို့ဖျက်ဆီးသွား၍ နေအိမ် ၇၉ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲဲ့များကလည်း ခုခံတိုက်ခိုက်နေပြီး လက်တလောစစ်ရေးအခြေအနေကို ထုတ်ပြန်ခြင်းမရှိသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ သြဂုတ်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ကိုင်းတိုင်းအတွင်း နေနေမ်ပေါင်း ၂၀,၁၅၃ မီးလောင်ပျက်စီးခဲ့ပြီး ယခုနှစ်ဧပြီမှ ဇွန်လအတွင်းအများဆုံးဖြစ်ကာ အိမ်ပေါင်း ၁၂,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။