Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊တရားစီရင်ရေးဌာနက တစ်နှစ်အတွင်းအမှုပေါင်း ၁၂၀ကျော်စစ်ဆေးခဲ့

မြို့နယ်တရားစီရင်ရေး၏ဆုံးဖြတ်ခဲ့​သော အမှု ၈ခုအနက် တင်ကူးကြံစည် လူသတ်မှုတစ်ခုကို သေဒဏ်ချမှတ်ခဲ့ကြောင်းလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

(မင်းတပ်မြို့ ကိုစက်တင်ဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့ ကိုစက်တင်ဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-HKL Mindat)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် တစ်နှစ်တာအတွင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – တရားစီရင်‌ရေးဌာနက အမှုပေါင်း ၁၂၀ကို အပြီးပြတ်စစ်ဆေးခဲ့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်း​ရေးမှူးက​ပြော သည်။

မင်းတပ်မြို့နယ်ရှိ တိုက်နယ် ကိုးခုအနက် တိုက်နယ် ငါးခုတွင် ၂၀၂၁ခုနှစ် ဇူလိုင် ၇ ရက်မှ စီရင်ခဲ့ခြင်းဖြစ်သည်။

“အောက်ခြေအဆင့်မှာ ချင်းဓလေ့ထုံးစံနဲ့ ဖြေရှင်းတယ်၊ လူသတ်မှုလိုမျိုး၊ အချင်းချင်း မပြေလည်တာမျိုး၊ တင်းခံနေတာမျိုးကြရင် မြို့နယ်တရားစီရင်ရေးဆီတက်လာတယ်။ မြို့နယ်တရားစီရင်ရေးနဲ့ ရဲတပ်ဖွဲ့တို့ပေါင်းပြီး သက်သေတွေစုဆောင်းပြီး အမှုတွဲတည်ဆောက်တယ်၊ ရာဇသတ်ကြီး ဥပဒေတွေနဲ့ ပြစ်ဒဏ်ချအရေးယူတယ်”ဟု မင်းတပ်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးကပြောသည်

(မင်းတပ်မြို့ ကိုစက်တင်ဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့ ကိုစက်တင်ဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-HKL Mindat)

တိုက်နယ်အလိုက် ချင်းဓလေ့ထုံးစံအတိုင်း ဖြန့်ဖြေခြင်း၊ တရားစီရင်ခြင်းတို့ကို ဆောင်ရွက်ပြီး မပြေလည်သည့် အမှု ၈ ခုကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-တရားစီရင်ရေးဌာနက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

မြို့နယ်တရားစီရင်ရေး၏ဆုံးဖြတ်ခဲ့​သော အမှု ၈ခုအနက် တင်ကူးကြံစည် လူသတ်မှုတစ်ခုကို သေဒဏ်ချမှတ်ခဲ့ကြောင်းလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

သို့​သော်သေဒဏ်ကိုချက်ချင်းစီရင်ခြင်းမဟုတ်ဘဲတရားခံကို မြို့နယ်အဆင့်က ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး ပြည်ထောင်စုအဆင့်သို့ပို့၍ အဆင့်ဆင့်ဆက်လက်စစ်ဆေးရဦးမည်ဖြစ်ကြောင်း မင်းတပ်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးကရှင်းပြသည်။ အဆိုပါ အမှုတွင် ​သေဒဏ်ချမှတ်ထားသူကိုလက်ရှိတွင်ဖမ်းဆီးချုပ်နှောင်ထားပြီးပြစ်ဒဏ်ကိုလည်း အတည်မပြုသေးဟုလည်း ၎င်းကဆက်​ပြောသည်။

မင်းတပ်မြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် NUGနှင့် ကြားကာလချင်းလူမျိုးရေးရာအတိုင်ပင်ခံကောင်စီတို့ဖြင့် ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

သတင်း

ယနေ့ (ဖေဖော်ဝါရီ ၁၄ရက် )မနက် ၉နာရီကျော်အချိန်တွင် စစ်ကောင်စီက မင်းတပ် ၂၇၄ တပ်ရင်းသို့ ကုန်တင်လေယာဉ်မှ လေထီးဖြင့် ရိက္ခာထုပ်များ လာရောက်ပစ်ချသွားခြင်းဖြစ်သည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ၏ခလရ (၂၇၄)တပ်ကနေ၍ လက်နက်ကြီးပစ်ခတ်နေကြောင်းသတင်းရရှိသည်။

သတင်း

မရှိန်းလှော်ကျေးရွာအုပ်စု၊ဝုမ်းခုမ်ရွာကို ဇူလိုင် ၈ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်​ကြောင်းချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဟု CDF- Mindat တာဝန်ရှိသူတစ်ဦးကပြောသည်။