Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ပေါ် ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက ယနေ့(ဧပြီ ၁ရက်) ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Yaw Mang

ဧပြီ၁၊ ၂၀၂၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက ယနေ့(ဧပြီ ၁ရက်) ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၁ရက်) ညနေ ၆နာရီ ၂၅ မိနစ်ခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်းလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

” ပြည်မက ငလျင်ဘေးသင့်တဲ့ပြည်သူတွေကို ဗုံးကြဲသေးတဲ့အပြင်.. ဒီကိုလည်း လာကြဲနေလိုက် လူယုတ်မာကြီး မ.အ.လ ရေ။ ပြည်မကလူတွေနဲ့ အတူဒုက္ခရောက်ရတယ်ဆိုပြီးသာ ကြံဖန်ဂုဏ်ယူလိုက်မယ်”ဟု မင်းတပ်ပအဖ တာဝန်ရှိသူ ဆလိုင်းယောမာန်က ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦး မှတ်တမ်း ဓာတ်ပုံဖြင့်အသိပေးဖော်ပြသည်။

ထို့အပြင် မြို့ပေါ်နေပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန်လည်း မင်းတပ် ပအဖက အသိပေးနှိုးဆော်ထားသည်။

စစ်ကောင်စီသည် မင်းတပ်အနီး ကန်ပက်လက်မြို့ဝန်းကျင်ကိုလည်း ယနေ့ နံနက်က လေကြောင်း တိုက်ခိုက်ခဲ့သည်။

နိုင်ငံ၌ ငလျင်ဘေးကြုံ‌နေရစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မင်းတပ်လို့ ဆိုလိုက်တာနဲ့အာဏာသိမ်းစစ်တပ်ကို ဒေသခံတွေကရိုးရာတူမီးသေနတ်တွေနဲ့ ပထမဆုံးတော်လှန်ခဲ့သလို ၊တူမီးသေနတ်တွေနဲ့ စစ်တပ်ယာဥ်တန်း​တွေပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ချင်းဖိုက်တာ​တွေကို မျက်လုံးထဲပြန်မြင်လာကြမယ်ထင်ပါတယ်။

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။