Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ချောင်းဦးနယ် ငါးလုံးတင်ရွာ နေအိမ် ၁၅၀ခန့် ပြာကျ

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ငါးလုံးတင်ကျေးရွာနှင့် ချောင်းဦး-ပခုက္ကူလမ်းဘေးရှိ ကျေးရွာများအား အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ငါးလုံးတင်ကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-Chaung U Revolution
ငါးလုံးတင်ကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-Chaung U Revolution

စပါးနှင့် ဂျုံရိုးဦးထုပ်လုပ်ငန်းများလည်း မီးထဲပါသွား၊ နေအိမ်မီးရှို့ခံရသည့် ပြည်သူများ အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ငါးလုံးတင်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွား၍ နေအိမ် ၁၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေ့နေကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ငါးလုံးတင်ကျေးရွာနှင့် ချောင်းဦး-ပခုက္ကူလမ်းဘေးရှိ ကျေးရွာများအား အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ငါးလုံးတင်ကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-Chaung U Revolution
ငါးလုံးတင်ကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-Chaung U Revolution

ငါးလုံးတင်ကျေးရွာသ​ည် ဖရဲသခွားစိုက်ပျိုးခြင်း၊ ဂျုံရိုးဦးထုပ်လက်မှုပစ္စည်းများ လုပ်ကိုင်ရောင်းချခြင်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ကျေးရွာတစ်ရွာ ဖြစ်သ​ည်။ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များအပြင် ဂျုံရိုးဦးထုပ်လက်မှုပစ္စည်းများ၊ ကုန်ကြမ်းများ၊ စပါးများပါ မီးလောင်ပျက်စီးခဲ့ကြောင်း Chaung U Revolution အဖွဲ့က ပြောသည်။

“တစ်ရွာလုံးကတော့ မီးအပူရှိန်ဒဏ်တွေကျန်နေသေးတာကြောင့် ခုချိန်ထိ ရွာထဲကိုဝင်ခွင့်မရကြသေးပါဘူး။လက်ရှိအချိန်ထိတော့ နေဖို့နဲ့စားဖို့က ခက်ခဲလျက်ရှိနေပါတယ်။မီးခိုးနံ့ညှော်နံ့တွေကြောင့် ရွာသူရွာသားအားလုံးဟာ ကိုယ့်အိုးအိမ်တောင်ကြည့်ခွင့်မရသေးဘဲ နီးစပ်ရာနေရာတွေမှာ ဖြစ်သလိုကြုံသလိုနေထိုင်နေကြရပါတယ်။”ဟု Chaung U Revolution အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ငါးလုံးတင်ကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-Chaung U Revolution
ငါးလုံးတင်ကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-Chaung U Revolution

သက်ကြီးရွယ်အိုများအတွက် ဆေးဝါးများလည်းလိုအပ်နေကြောင်း၊ မီးရှို့ခံရသည့် နေအိမ် ၁၅၀ ရှိ မိသားစုဝင်များ နေထိုင်စားသောက်ရေးအခက်အခဲများရှိနေပြီး လူလွတ်အောင်ပြေးခဲ့ရသည့်အတွက် မည်သည့်ပစ္စ​ည်းမျှ မရလိုက်ကြောင်း ဒေသခံများက ပြောသည်။

“နေဖို့စားဖို့က အထူးအခက်တွေ့နေပါတယ်။ စစ်ဘေးရှောင်ရင်း ကိုယ်လွတ်သာရုန်းခဲ့ရရုံတဲ့အပြင် နေအိမ်တွေပါ မီးရှို့ခြင်းခံထားရတဲ့အတွက် စားဝတ်နေရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။ရပ်ဝေးရပ်နီးမှာရှိကြတဲ့ ပြည်သူများအနေနဲ့ မီးဘေးသင့်ပြည်သူများအပေါ် မိမိတို့တက်နိုင်သည့်ဘက်ကနေ ပါဝင်ကူညီလှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။”ဟု ChaungU Middle Wolves Army(CMWA) အဖွဲ့က ပြောသည်။

ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို အောက်တိုဘာ ၁၅ ရက်က နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးခန့်သေဆုံးကြောင်း ချောင်းဦး PDFက ထုတ်ပြန်ထားသည်။

ငါးလုံးတင်ကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-Chaung U Revolution
ငါးလုံးတင်ကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-Chaung U Revolution

မှန်ချိုကျေးရွာထိပ်တွင် ဒေသခံပြည်သူတစ်ဦး၊ ငါးလုံးတင်ကျေးရွာမှ ပြည်သူလေးဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

PDFရဲဘော်အချို့လည်း ထိခိုက်သေဆုံးသည်ဟုဆိုသော်လည်း ချောင်းဦး PDFက အသိပေးထားခြင်းမရှိပေ။

ငါးလုံးတင်ကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-Chaung U Revolution
ငါးလုံးတင်ကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-Chaung U Revolution

ချောင်းဦးမြို့နယ်တွင် အောက်တိုဘာ ၁၁ ရက်ကလည်း စစ်ကောင်စီတပ်က မယ်သဲကြိုးကွင်းရွာအား မီးရှို့ဖျက်ဆီးသွား၍ နေအိမ် ၇၉ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ သြဂုတ်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ကိုင်းတိုင်းအတွင်း နေနေမ်ပေါင်း ၂၀,၁၅၃ မီးလောင်ပျက်စီးခဲ့ပြီး ယခုနှစ်ဧပြီမှ ဇွန်လအတွင်းအများဆုံးဖြစ်ကာ အိမ်ပေါင်း ၁၂,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။