Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ် မိုင်းထိ၊ စစ်ကောင်စီတပ်က ချိုင်းကြီးရွာကို မီးရှို့ဖျက်ဆီး

ကျေးရွာအရှေ့ဘက်မှဝင်၍ မီးငြှိမ်းသတ်ရန်ကြိုးစားသော်လည်း အလုံးစုံမီးမငြှိမ်းသတ်နိုင်သေးကြောင်း၊ ထို့ကြောင့် စစ်ကိုင်း – ရွှေဘိုလမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် People’s Army To Fight Dictatorship အဖွဲ့က သတိပေးသည်။

ချိုင်းကြီးရွာအား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ-PAFD
ချိုင်းကြီးရွာအား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ-PAFD

ရွှေဘို – မန္တလေးလမ်း အသွားအလာမပြုလုပ်ရန် PAFDအဖွဲ့သတိပေး

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းထိခဲ့ပြီး စစ်တပ်က အနီးရှိချိုင်းကြီးကျေးရွာကို မီးရှို့ဖျက်ဆီးကာ ဒေသခံများအား ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်) ည ၁၀နာရီခန့်က စစ်ကိုင်း တပ်မ (၃၃)မှ အင်အားအများအပြားဖြင့် ရွှေဘို – မန္တလေးလမ်းအတိုင်း ရွှေဘိုမြို့ဘက်ဦးတည်ထွက်လာသည့် စစ်ကား နှစ်စီးကို ကျော်ဇေယျာရွာနှင့် ချိုင်းကြီးကျေးရွာကြားတွင် ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့တယ်ဆိုတာတော့ ထုတ်ပြန်တာမရှိသေးဘူး။”ဟု ၎င်းအဖွဲ့ဝင်က ပြောသည်။

ချိုင်းကြီးရွာအား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ-PAFD
ချိုင်းကြီးရွာအား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ-PAFD

ယနေ့ (အောက်တိုဘာ ၁၉ရက်ရက်) နံနက် ၇ နာရီခန့်တွင်မူ စစ်ကောင်စီတပ်သည် မိုင်းထိရာအနီးရှိ ချိုင်းကြီးကျေးရွာသို့ဝင်ရောက်ကာ ပြည်သူများအား လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလုပ်သွားကြောင်း၊ ထို့နောက် ရွာအတွင်းရှိ နေအိမ်ငါးလုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD)အဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“‌စစ်ကား နှစ်စီးလာရာမှာ နောက်ကားကို ဆွဲလိုက်တာထိုးရပ်သွားပါတယ်။ ရှေ့ကားမောင်းသူ လန့်ပြီးဘေးဆွဲချတာ လမ်းဘေးသစ်ပင်ဝင်တိုက်မိကြတယ်လို့သိရပါတယ်။ ရှေ့ကားက စကစ စစ်သားတွေ ဆင်းပြီးရမ်းပစ်ကြတယ်လို့သိရပါတယ်။ အထိနာသွားလောက်တယ် ဒါကြောင့် ဒီမနက် ပတ်ရမ်းနေတာ။”ဟု ဒေသခံတစ်ဦးက စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

ချိုင်းကြီးရွာအား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ-PAFD
ချိုင်းကြီးရွာအား မီးရှို့ဖျက်ဆီးသွားစဥ်၊ ဓာတ်ပုံ-PAFD

ကျေးရွာအရှေ့ဘက်မှဝင်၍ မီးငြှိမ်းသတ်ရန်ကြိုးစားသော်လည်း အလုံးစုံမီးမငြှိမ်းသတ်နိုင်သေးကြောင်း၊ ထို့ကြောင့် စစ်ကိုင်း – ရွှေဘိုလမ်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် People’s Army To Fight Dictatorship အဖွဲ့က သတိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ လက်ရှိတွင် စစ်ကောင်စီတပ်သည် ချိုင်းကြီးရွာ ဘုန်းကြီးကျောင်းတောင်ဘက်၌ စစ်ကား သုံးစီးဖြင့် လမ်းသွား၊ လမ်းလာများကို စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook