Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းကို ​PDF များတိုက်ခိုက်

စစ်​ကောင်စီရဲ ၅ ဦး​သေဆုံးသည်ဟု​ထောက်လှမ်းသိရ​ပြီးလက်နက်ရရှိခဲ့ခြင်းမရှိကြောင်း NRFနတ္တလင်းမှတာဝန်ရှိသူက​ပြောသည်။

အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းကို ​PDF များတိုက်ခိုက်
အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းကို ​PDF များတိုက်ခိုက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရှိစစ်ကောင်စီ၏ ရဲစခန်းအား သာယာဝတီခရိုင် PDF တပ်ရင်း နှစ်ရင်း၏ တပ်ခွဲအဖွဲ့ နှစ်ဖွဲ့ ကတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန် သည်။

ယနေ့ (အောက်တိုဘာ ၂၀ ရက်) နံနက် ၂ နာရီခန့်က ဝိုင်းကျေးရွာရှိ ရဲစခန်းအားသာယာဝတီခရိုင် တပ်ရင်း ၃၈၀၁တပ်ခွဲ (၄) MRF နတ္တလင်းနှင့် ခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) အုတ်ဖိုမြို့နယ်​မြေအာက်​ပြောက်ကျားတပ်ဖွဲ့တို့က ၄၀ မမအပါအဝင် လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်သည်ဟု ပဲခူးတိုင်းစစ်​ဒေသခွဲနှင့် MRFနတ္တလင်းတို့ကထုတ်ပြန်သည်။

စစ်ကောင်စီ၏ ရဲ‌စခန်းဘက်မှလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု (၁၇)မိနစ်ကျော် ဖြစ်ပွားခဲ့သည်ဟုသိရသည်။

စစ်​ကောင်စီရဲ ၅ ဦး​သေဆုံးသည်ဟု​ထောက်လှမ်းသိရ​ပြီးလက်နက်ရရှိခဲ့ခြင်းမရှိကြောင်း NRFနတ္တလင်းမှတာဝန်ရှိသူက​ပြောသည်။

Public Service Announcement

Public Service Announcement

“အရာရှိပါတယ်လို့တော့မကြားရဘူးခင်ဗျ ။ ရဲဘော်လို့ပဲပြောပါတယ်”ဟု ​သေဆုံးသူများနှင့်ပါတ်သပ်၍တာဝန်ရှိသူက​ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက် ချေမှုန်းလျက်ရှိရာ ဆက်လက်၍ မိမိတို့ စိုးမိုးနယ်မြေများအတွင်း ကျူး ကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကိုလည်း ချေမှုန်းတိုက်ခိုက်သွားမည်ဟု ပဲခူးတိုင်းစစ်​ဒေသခွဲကအသိ​ပေးထားသည်။ တိုက်ပွဲဖြစ်စဥ်နှင့်ပတ်သပ်၍ပဲခူးတိုင်း​စစ်​ဒေသခွဲသို့ဆက်သွယ်​မေးမြန်းရန်ကြိုစားသော်လည်းဆက်သွယ်၍မရ​သေးပါ။

ပဲခူးတိုင်းစစ်​ဒေသခွဲတွင်ယခုရက်ပိုင်း စစ်ဆင်​ရေးများဆက်တိုက်ပြုလုပ်​နေသည်။

“ကျွန်တော်တို့အနေနဲ့ဆက်လက်ပိုမိုထိရောက်တဲ့စစ်ဆင်ရေးတွေလုပ်ဖို့လက်နက်အင်အား ခဲယမ်းအင်အားအရမ်းလိုအပ်ပါတယ်။ အကောင်းဆုံးတွေချပြဖို့ရှိပါတယ် ။အတက်နိုင်ဆုံးလှူပေးဖို့သွေးမအေးဖို့ပြောချင်ပါတယ်”ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁တပ်ခွဲ (၄) MRF နတ္တလင်းမှတာဝန်ရှိသူက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook