Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တွင် ကျေးလက်ဆေးပေးခန်းကို လေကြောင်းတိုက်ခိုက်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ် ၅ဦးထက်မနည်းဒဏ်ရာရ

အဆိုပါ မံယူးကြီးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာဆေးပေးခန်းနှင့် နေအိမ် ၅လုံးခန့်ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ဗန်းမောက်တွင် ကျေးလက်ဆေးပေးခန်းကို လေကြောင်းတိုက်ခိုက်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ် ၅ဦးထက်မနည်းဒဏ်ရာရ
ဗန်းမောက်တွင် ကျေးလက်ဆေးပေးခန်းကို လေကြောင်းတိုက်ခိုက်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ် ၅ဦးထက်မနည်းဒဏ်ရာရ

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် မံယူးကြီးရွာရှိ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းကို စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လေးကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်များ ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မံယူးကြီးရွာသည် ဗန်းမောက်- ပင်လယ်ဘူးနယ်စပ်၌ တည်ရှိပြီး ယနေ့ (အောက်တိုဘာ ၂၀ရက်)နံနက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“အဲဒီ ဆေးရုံကို လေယာဉ်နဲ့မနက် ၁၀နာရီလောက်က လာကြဲသွားတာ။ ကြဲသွားတော့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက်သေတယ်။ ကလေးက အနည်းဆုံး ၅ယောက်လောက် ဒဏ်ရာအပြင်းအထန်ရတယ်။ အဲဒီ ဆေးရုံက ကိုယ်ထူကိုယ်ထ ဆောက်ထားတာ။ ဒီနေ့ အဲဒီ ဆေးရုံမှာ ရပ်ကွက်အလိုက်လုပ်အားပေးနေတဲ့ အချိန်မှာ ဝင်ပစ်သွားတာ”ဟု ဒေသခံက ပြောသည်။

အဆိုပါ မံယူးကြီးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာဆေးပေးခန်းနှင့် နေအိမ် ၅လုံးခန့်ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့က တမင် ပြည်သူတွေရှိနေတာ သိသိရဲ့နဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ။ ဒီဆေးရုံက အခြား PDF တွေဘာတွေနဲ့ ပူးပေါင်းပြီးဆောက်လုပ်ထားတာလည်းမဟုတ်ဘူး။ ကိုယ်ထူ ကိုယ်ထ ရပ်ရွာကပေါ့ ။အဲဒီ ဗန်းမောက် – ပင်လယ်ဘူးနယ်စပ်ဆိုတာနည်းနည်း ခေါင်တယ်။ ခေါင်တဲ့ရွာဆိုတော့ ရွာကနေ ကိုယ်ထူကိုယ်ထ ဆောက်ထားတာပေါ့ ။ဒီလို လုပ်တာကို ရှုတ်ချတယ်”ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။