Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ကျောင်းဆရာတစ်ဦးအား ခေါင်းဖြတ် သတ်သည့်ဖြစ်စဥ်ကို နိုင်ငံတကာက ပြင်းထန်စွာတုံ့ပြန်ရန် အမေရိကန်တိုက်တွန်း

ယင်းကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော လူသားဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ရာဇဝတ်မှုကို ကျူးလွန်ခံရသည့် အဖြစ်အပျက်အတွက် ကျန်ရစ် သူမိသားစု နှင့် ထပ်တူဝမ်းနည်းရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မကွေးတိုင်းတွင် ကျောင်းဆရာတစ်ဦး ရက်စက်စွာခေါင်းဖြတ်အသတ်ခံရသည့်ဖြစ်စဥ်နှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းက ပြင်းထန်စွာတုံ့ပြန်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က တိုက်တွန်းလိုက်သည်။

မြန်မာစစ်တပ်သည် ပညာတတ်များအပါအဝင် ပြည်သူလူထုအပေါ်ကျူးလွန်နေသာ လူမဆန်စွာ သတ်ဖြတ်အကြမ်းဖက်မှုများကို နိုင်ငံတကာအသိုက်အဝန်းက ပြင်းထန်စွာ တုံ့ပြန်ဆောင်ရွက်သင့်ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Ned Price က တွစ်တာလူမှုကွန်ရက်၌ ရေးသားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ ပျူစောထီးများသည် အောက်တိုဘာ ၁၆ ရက်က မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ သစ်ညီနောင်ရွာနေ အသက် ၄၆ နှစ်အရွယ် CDM ကျောင်းဆရာ ဦးစောထွန်းမိုးကို ဦးခေါင်းနှင့် ခြေလက်များကို အပိုင်းပိုင်းဖြတ်ကာသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုထားသည်။ အဆိုပါ ဆရာဦးစောထွန်းမိုးကို ဦးခေါင်းကို တခြားကျေးရွာဖြစ်သည့် တောင်မြင့်ရွာရှိ အလယ်တန်းကျောင်းတံခါးတွင် လူမဆန်စွာချိတ်ဆွဲထားခဲ့သည်။

ယင်းကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော လူသားဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ရာဇဝတ်မှုကို ကျူးလွန်ခံရသည့် အဖြစ်အပျက်အတွက် ကျန်ရစ် သူမိသားစု နှင့် ထပ်တူဝမ်းနည်းရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီသည် ကျေးရွာများကို မီးရှို့၊ ဓါးပြတိုက်နေသည့်အပြင် ရွာသားများကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ခြင်း၊ ကျေးရွာစာသင်ကျောင်းများကို မီးရှို့ခြင်းများလုပ်ဆောင်နေသည့်အပြင် ကြားကာလပညာရေးကို အကောင်အထည်ဖော်နေသည့် ရဲဝံ့စွန့်စား စီဒီအမ်ဆရာများနှင့် အပြစ်မဲ့ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များအား လူမဆန်စွာ သတ်ဖြတ်နေခြင်းကို ပညာရေးဝန်ကြီးဌာနက ပြင်းထန်စွာရှုံ့ချကြောင်းလည်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။