Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးရန်ပုံငွေ ဗဟန်းမှ ပေ၄၀×ပေ၆၀ မြေကွက်များ မိနစ်၉၀အတွင်းရောင်းကုန်ဟုထုတ်ပြန်

အဆိုပါမြေကွက်များသည် တော်လှန်ရေး ကာလအတွင်း မြေကွက်တကွက်ကို ဒေါ်လာ ၂၈,၈၀၀ ပေးရခြင်းဖြစ်၍ မြေကွက် ၁၂၀အတွက် ဒေါ်လာ ၃သန်းခွဲခန့်ရရှိမည်ဖြစ်သည်ဟုရှယ်ယာနှင့်မြေကွက်ရောင်းချပေးသည့်ကိုယ်စားလှယ်များကပြောသည်။

နွေဦးတော်လှန်ရေးရန်ပုံငွေ ဗဟန်းမှ ပေ၄၀×ပေ၆၀ မြေကွက်များ မိနစ်၉၀အတွင်းရောင်းကုန်ဟုထုတ်ပြန်
နွေဦးတော်လှန်ရေးရန်ပုံငွေ ဗဟန်းမှ ပေ၄၀×ပေ၆၀ မြေကွက်များ မိနစ်၉၀အတွင်းရောင်းကုန်ဟုထုတ်ပြန်

▪︎စီမံကိန်းဒုတိယပိုင်း​ရောင်းချမှု သုံးနာရီအတွင်း​ဒေါ်လာ ၉ သန်းဖိုးခန့်​ရောင်းထားရဟု​ကြေညာ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နွေဦးစီမံကိန်း၏ ပေ ၄၀၊ပေ၆၀ မြေကွက်များကို ယ​နေ့စတင်ရောင်းချရာ မိနစ်၉၀အတွင်း ​မြေကွက် ၁၂၀ လုံး​ရောင်းကုန်သွားကြောင်း NUGရှယ်ယာနှင့်မြေကွက်များရောင်းချရေးအဖွဲ့ (EOD)က ယနေ့ထုတ်ပြန်သည်။

“မြေကွက်တွေကို စိတ်ဝင်စားကြလို့ဝယ်ဖို့ အကြိုအော်ဒါတင်ထားတာများတယ်”ဟု ရှယ်ယာနှင့်​မြေကွက်​ရောင်းချ​ရေးကိုယ်စားလှယ်တစ်ဦးကပြောသည်။

“တော်လှန်ရေးဟာ ရှေ့သို့ချီလာတာနဲ့ တပြိုင်တည်း ထောက်ပို့ရဲဘော်များကလည်း နောက်ကျန် မနေခဲ့ပါဘူး။အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရေးကို ဖြည့်ဆည်းဖို့ ဖော်ဆောင်ခဲ့တဲ့ Spring Yangon Investment Phase II ရဲ့ စီမံကိန်းများအနက် ဗဟန်းမြို့နယ်က တော်ဝင်နွေဦး ၄၀ ပေ x ၆၀ ပေ မြေကွက်များဟာ အရောင်းစတင်ပြီး မိနစ် ၉၀ အတွင်း ရောင်းကုန် သွားပါပြီ။”ဟု EODအဖွဲ့က ​ကြေညာသည်။

နွေဦးတော်လှန်ရေးရန်ပုံငွေ ဗဟန်းမှ ပေ၄၀×ပေ၆၀ မြေကွက်များ မိနစ်၉၀အတွင်းရောင်းကုန်ဟုထုတ်ပြန်
နွေဦးတော်လှန်ရေးရန်ပုံငွေ ဗဟန်းမှ ပေ၄၀×ပေ၆၀ မြေကွက်များ မိနစ်၉၀အတွင်းရောင်းကုန်ဟုထုတ်ပြန်

အဆိုပါမြေကွက်များသည် တော်လှန်ရေး ကာလအတွင်း မြေကွက်တကွက်ကို ဒေါ်လာ ၂၈,၈၀၀ ပေးရခြင်းဖြစ်၍ မြေကွက် ၁၂၀အတွက် ဒေါ်လာ ၃သန်းခွဲခန့်ရရှိမည်ဖြစ်သည်ဟုရှယ်ယာနှင့်မြေကွက်ရောင်းချပေးသည့်ကိုယ်စားလှယ်များကပြောသည်။

Public Service Announcement

Public Service Announcement

​တော်ဝင်​နွေဦးစီမံကိန်းမှ​ပေ ၄၀× ၆၀ ​မြေကွက်များ​ရောင်းကုန်သွား၍၊ ၆၀ ပေ x ၈၀ ပေ​မြေကွက်များကိုဆက်​ရောင်း​နေ​ကြောင်းလည်းသိရသည်။

ထိုအပြင်တော်လှ​န်ရေး ရန်ပုံငွေစီမံကိန်းများမှာ စံချိန်သစ် အဖြစ် ပထမ ၃ နာရီအတွင်းမှာ ဒေါ်လာ ၈.၇၅ သန်းဖိုး ရောင်းချထားပြီး ဖြစ်​ကြောင်းအဖွဲ့ကထပ်မံအသိ​ပေးသည်။

“EOD ရဲ့ Spring Investment စီမံကိန်းများဟာ သူဌေးတွေပဲ ပါဝင်နိုင်တဲ့ စီမံကိန်းများ အဖြစ် ထင်မှတ်မှားတတ်ကြပါတယ်။ တကယ်တော့ အလွှာစုံက ပြည်သူတွေ ပါဝင်နိုင်၊ ထောက်ပို့ရင်း ရင်းနှီးမြုပ်နှံနိုင်တဲ့ စီမံကိန်းများပါ။

တောင်ဒဂုံ မြို့နယ်က “နွေဦးအောင်လံ” စီမံကိန်းရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက်များကို ကြည့်ပါ။ တော်လှန်ရေး ကာလအတွင်း USD 6,000 ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၃ ဦးထိ နာမည်ပေါက် အစုစပ် ဝယ်နိုင်ပြီး ၃ လ အတွင်း ၃ ခါ အရစ်ကျ စနစ်နဲ့ ပေးချေ နိုင်ပါတယ်။ ဒါကြောင့်တော်တော်များများ လက်လှမ်းမီပြီး မြေကွက် ၈၀၀ အနက်တစ်ဝက်နီးပါး ရောင်းချထားပြီး ဖြစ်ပါတယ်။”ဟု ​မြေကွက်​ရောင်းချ​ရေးအဖွဲ့ကထပ်မံထုတ်ပြန်သည်။

အဖွဲ့ထုတ်ပြန်ချက်အရ ​​တောင်ဒဂုံရှိ​နွေဦး​အောင်လံစီမံကိန်းမှာ ​ပေ ၄၀× ၆၀ ​မြေကွက်​ပေါင်း ၈၀၀ ​ရောင်းချခြင်းဖြစ်ပြီးပထမ ၃ နာရီအတွင်းထက်ဝက်ခန့်​ရောင်းရခြင်းဖြစ်သည်ဟုဆိုသည်။

နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်နှင့် တောင်ဒဂုံရှိ စစ်တပ်သိမ်းထား​သော​မြေများကို မြေကွက်ပေါင်း ၁၂၀၀ခန့်အကွက်​ဖော်၍ Spring Yangon စီမံကိန်းအပိုင်း၂ အဖြစ် ယ​နေ့စတင်ရောင်းချနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာ လိုက်ထရပ်ကားပေါ်ကို ကုက္ကိုပင်လဲကျတာကြောင့် ယာဉ်မောင်းသေဆုံးသွားတယ်လို့ သွားရောက်ကူညီတဲ့ ပရဟိတအသင်းတွေက အသိပေးထားပါတယ်။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။