Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကျွန်ခံ Non-CDMများကို လက်တွေ့ကျကျ အရေးယူတော့မည်ဟု မတူပီ CDF သတိပေး

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်ကလည်း မတူပီမြို့နယ် မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ရှင်းလင်းခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

စစ်ကောင်စီကျွန်ခံ Non-CDMများကို လက်တွေ့ကျကျ အရေးယူတော့မည်ဟု မတူပီ CDF သတိပေး

စစ်ကောင်စီအတွက် ကျွန်ခံပြီး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား အသက်သွင်းရန်ကြိုးပမ်းမှုတွင်ပါဝင်နေသည့် Non CDM ဝန်ထမ်းများကို လက်တွေ့ကျကျ အရေးယူတော့မည်ဖြစ်ကြောင်း မတူပီမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယမန်နေ့တွင် သတိပေးထုတ်ပြန်သည်။

“အသိပေးချင်တာက ပြည်သူလူထုနဲ့ အမြန်ဆုံးရပ်တည်ပေးဖို့ပေါ့။ ကျွန်တော်တို့အနေနဲ့ စစ်မြေပြင် အနေအထားပဲဖြစ်ဖြစ် အခုအချိန်မှာ Non CDMတွေကြောင့် ကျွန်တော်တို့ လှုပ်ရှားမှုပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် စစ်သတင်းပေါက်တာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် အန္တရာယ် လုံခြုံမှုမရှိဘူးပေါ့။ အဲဒါကြောင့်ပါ”ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန်ရခြင်းနှင့်ပတ် သက်ပြီး ပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်ကောင်စီ ၏ အုပ်ချုပ်ရေး ယန္တရားကို အသက်သွင်းရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်ဆောင်ရွက်နေသော ဌာနဆိုင်ရာ Non- CDMများသည် ကိုယ်ကျိုးတစ်ခုကိုသာကြည့်ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် လက်တွဲအလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေသည့် Non-CDM များသည် မတူပီ CDFမှ အသိပေး ထုတ်ပြန်ချက်များ အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း CDM တွင် ပူးပေါင်းပါဝင်မှုမရှိဘဲ တရားမဝင် စစ်ကောင်စီကျွန်ခံ၍ ယန္တရားများ လည်ပတ်စေခဲ့ကြကြောင်း ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီနှင့်ပူးပေါင်းသော Non-CDM များ၌ မိမိ၏ ဆွေမျိုး၊မိဘ၊ညီအကို၊ မောင်နှမ များ ပါဝင်နေပါက ပြည်သူနှင့်အတူ ရပ်တည်ပြီး အမြန်ဆုံး CDM ပြုလုပ်ကြရန် အသိပေးစေလိုသည်ဟု တိုက်တွန်းထားပြီး မတူပီ CDF အနေဖြင့် စစ်ကောင်စီ၏ ကြိုးကိုင်ကြောထောက်လုပ်နေသည့် ရာထူးခံပုဂ္ဂိုလ်များ နှင့် Non-CDMများကို စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပဒေနှင့်အညီ လက်တွေ့ကျကျ ဆက်လက် အရေးယူမည်ဖြစ် ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်ကလည်း မတူပီမြို့နယ် မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ရှင်းလင်းခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

ဦးတင်လွေးသည် CDM သမားများကို ခြိမ်းခြောက်ကာ Non – CDM ပြန်လုပ်ရန် ဖိအားပေးခြင်း၊ CDM စာရင်းကို စစ်ကောင်စီထံ ပေးခြင်း၊ အချို့ CDM စာရင်းကို လျှို့ဝှက်ပြီး စစ်ကောင်စီ အငြိမ်းစား ဗိုလ်မှူးဝင်းနိုင်နှင့် ပေါင်း၍ CDM သမားများ ၏ လစာကိုထုတ်ယူခြင်းပြုလုပ်၍ ၎င်းက စာဖြင့် သုံးကြိမ်၊ နုတ်ဖြင့် အကြိမ်ကြိမ် သတိပေးခဲ့ သော်လည်း စစ်ကောင်စီနှင့်ဆက်လက် ပူးပေါင်းနေခြင်းကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။