Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့အထွက်မှာ စစ်ကောင်စီတပ် Faw ကား ပဒေသာမိုင်းမိ

အဲဒီတိုက်ခိုက်မှုကို Generation Z Power -GZP ( Mandalay) နဲ့ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့သိရပါတယ်။

စစ်ကောင်စီတပ်သုံး Faw ကား (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ
An army vehicle is parked outside the parliament members' residence after Myanmar army seized power in a coup, in Naypyitaw, Myanmar February 2, 2021. REUTERS/Stringer NO RESALES NO ARCHIVES

မန္တလေးမြို့အထွက် မြစ်ငယ်ထုံးဘို မင်္ဂလာတံတားအနီးမှာ စစ်ကောင်စီတပ်သုံးတရုတ်ထုတ် FAWကားကိုပဒေသာမိုင်းနဲ့ တိုက်ခိုက်လိုက်တယ်လို့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Generation Z Power – GZP ( Mandalay) ကထုတ်ပြန်ပါတယ်။

ထုံးဘို မင်္ဂလာတံတား အနီးမှာ မနေ့က အောက်တိုဘာလ ၂၃ ရက် မနက် ၁၀နာရီက စစ်ကောင်စီ တပ်သား ၁၅ ဦးခန့်လိုက်ပါလာတဲ့ Faw ကားကို ပဒေသာမိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့တာလို့ဆိုထားပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ် မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ က သူတို့ရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပေမယ့် စစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်ထုတ်တာမတွေ့ရသေးပါဘူး။

“ထုံးဘိုနားမှာ အသံတော်တော်ကျယ်တယ်ကြားလိုက်တာ” လို့ မြစ်ငယ်မှာနေထိုင်သူတစ်ဦးက မနေ့က မနက်ပိုင်း ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုကို Generation Z Power -GZP ( Mandalay) နဲ့ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။