Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့အထွက်မှာ စစ်ကောင်စီတပ် Faw ကား ပဒေသာမိုင်းမိ

အဲဒီတိုက်ခိုက်မှုကို Generation Z Power -GZP ( Mandalay) နဲ့ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့သိရပါတယ်။

စစ်ကောင်စီတပ်သုံး Faw ကား (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ
An army vehicle is parked outside the parliament members' residence after Myanmar army seized power in a coup, in Naypyitaw, Myanmar February 2, 2021. REUTERS/Stringer NO RESALES NO ARCHIVES

မန္တလေးမြို့အထွက် မြစ်ငယ်ထုံးဘို မင်္ဂလာတံတားအနီးမှာ စစ်ကောင်စီတပ်သုံးတရုတ်ထုတ် FAWကားကိုပဒေသာမိုင်းနဲ့ တိုက်ခိုက်လိုက်တယ်လို့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Generation Z Power – GZP ( Mandalay) ကထုတ်ပြန်ပါတယ်။

ထုံးဘို မင်္ဂလာတံတား အနီးမှာ မနေ့က အောက်တိုဘာလ ၂၃ ရက် မနက် ၁၀နာရီက စစ်ကောင်စီ တပ်သား ၁၅ ဦးခန့်လိုက်ပါလာတဲ့ Faw ကားကို ပဒေသာမိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့တာလို့ဆိုထားပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့တယ် မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ က သူတို့ရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပေမယ့် စစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်ထုတ်တာမတွေ့ရသေးပါဘူး။

“ထုံးဘိုနားမှာ အသံတော်တော်ကျယ်တယ်ကြားလိုက်တာ” လို့ မြစ်ငယ်မှာနေထိုင်သူတစ်ဦးက မနေ့က မနက်ပိုင်း ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုကို Generation Z Power -GZP ( Mandalay) နဲ့ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။