Connect with us

Hi, what are you looking for?

ဗီဒီယို

ဖယ်ခုံတိုက်ပွဲ စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၂ ဦး​သေ၊ ဒဏ်ရာရသူများလည်းရှိ

စစ်ကောင်စီ၏ လက်ပါးစေ ပျူစောထီးအဖွဲ့များသည် လည်း ဖယ်ခုံမြို့အတွင်း လှုပ်ရှားလျက်ရှိပြီး ပြည်သူများကို ချိန်းခြောက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဖယ်ခုံမြို့နယ်တွင် ယနေ့ညနေ ၂ နာရီခွဲခန့်က ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ ၂ နာရီကျော်ကြ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်​ကောင်စီတပ်မှ အနည်းဆုံး ၂ ဦး​သေဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ​ကျော်ဖြင့်ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီး ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး KA နှင့် KNDF ပူးပေါင်းတပ်များကခေါင်းအိကျေးရွာ အရှေ့ဖက် တစ်ဖါလုံခွဲခန့် တောင်ကြောပေါ်တွင် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံးနှစ်ဦး​သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟုဆိုသည်။ KA/KNDFပူးပေါင်းတပ်ဖွဲ့ဝင်များမှာထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို​နောက် စစ်​ကောင်စီတပ်မှ ညပိုင်းအချိန်အထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်နေ​ကြောင်းလည်းသိ့ရသည်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဖယ်ခုံမြို့နယ်၊ ကုန်းဆုံရွာရှိ အရဟံဘုရားတောင်ဘက်မှ စစ်ကြောင်းတစ်ကြောင်း ‌ရွှေပြည်အေးကျေးရွာဘက်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် စစ်ကြောင်းနှစ်ကြောင်းဖြန့်ကာ ခေါင်းအိကျေးရွာဘက်သို့ ထိုးစစ်ဆင်လျက်ရှိကြောင်း KNDF ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လက်ပါးစေ ပျူစောထီးအဖွဲ့များသည် လည်း ဖယ်ခုံမြို့အတွင်း လှုပ်ရှားလျက်ရှိပြီး ပြည်သူများကို ချိန်းခြောက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထိုအပြင် ယ​နေ့ည ​နောက်ဆုံးရရှိ​သော သတင်းအရ လွှိင်​ကော်မြို့အနီးရှိ စစ်​ကောင်စီတပ်ရင် တစ်ခုကို ယ​နေည ၁၀ နာရီ​ကျော်အချိန်တွင် KA/ KNDF ပူး​ပေါင်းအဖွဲ့က သွား​ရောက် တိုက်ခိုက်ခဲ့​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

ဗီဒီယို – ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ်

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။