Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်ထဲ စစ်အုပ်စု စုဝေးနေချိန် ဗုံးနဲ့တိုက်ခိုက်ခံရ

ပုသိမ်ကြီးမြို့နယ် ၊နန်းဦးလွင် ကျေးရွာအုပ်စု ၊ကန်ဘောက်အရှေ့ရွာ ၊ ၂၅ လမ်း အိုးအိမ်တိုက်တန်းရှေ့မှာ ည ၇ နာရီခန့်က စုဝေးနေချိန် တိုက်ခိုက်ခံရတာလို့သိရပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲ စစ်အုပ်စု စုဝေးနေချိန် ဗုံးနဲ့တိုက်ခိုက်ခံရ
ပုသိမ်ကြီးမြို့နယ်ထဲ စစ်အုပ်စု စုဝေးနေချိန် ဗုံးနဲ့တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက အိုးအိမ်တိုက်တန်းတစ်ခုရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဦးဆောင်ကာ စုဝေးနေချိန် ဗုံးနဲ့တိုက်ခိုက်ခံလိုက်ရပါတယ်။

ပုသိမ်ကြီးမြို့နယ် ၊နန်းဦးလွင် ကျေးရွာအုပ်စု ၊ကန်ဘောက်အရှေ့ရွာ ၊ ၂၅ လမ်း အိုးအိမ်တိုက်တန်းရှေ့မှာ ည ၇ နာရီခန့်က စုဝေးနေချိန် တိုက်ခိုက်ခံရတာလို့သိရပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့ပြီး မန္တလေး နန်းတွင်းစစ်ဆေးရုံမှာ ကုသမှုပေးနေတယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို No More Dictatorship People Defense Force _ NMD ဆိုတဲ့အဖွဲ့က လုပ်ဆောင်တာလို့ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့အစည်းအဝေးမှာ ထွေအုပ် ၊ ပျုစောထီးတွေပါဝင်တယ်လို့အဲဒီအဖွဲ့ကဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook