မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက အိုးအိမ်တိုက်တန်းတစ်ခုရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဦးဆောင်ကာ စုဝေးနေချိန် ဗုံးနဲ့တိုက်ခိုက်ခံလိုက်ရပါတယ်။
ပုသိမ်ကြီးမြို့နယ် ၊နန်းဦးလွင် ကျေးရွာအုပ်စု ၊ကန်ဘောက်အရှေ့ရွာ ၊ ၂၅ လမ်း အိုးအိမ်တိုက်တန်းရှေ့မှာ ည ၇ နာရီခန့်က စုဝေးနေချိန် တိုက်ခိုက်ခံရတာလို့သိရပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အချို့ရှိခဲ့ပြီး မန္တလေး နန်းတွင်းစစ်ဆေးရုံမှာ ကုသမှုပေးနေတယ်လို့သိရပါတယ်။

Public Service Announcement
ဒီတိုက်ခိုက်မှုကို No More Dictatorship People Defense Force _ NMD ဆိုတဲ့အဖွဲ့က လုပ်ဆောင်တာလို့ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့အစည်းအဝေးမှာ ထွေအုပ် ၊ ပျုစောထီးတွေပါဝင်တယ်လို့အဲဒီအဖွဲ့ကဆိုထားပါတယ်။
