Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်လေကြောင်းတိုက်ခိုက်ခံရမှု ရုပ်အလောင်း ၆၀တွေ့ရှိထားဟု KIA ပြော

အဆိုပါ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအား တွန်းလှန်တော်လှန်သည် တော်လှန်ရေး ခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ယနေ့ ထုတ်ပြန်ခဲ့သည်။

(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးနေမှုမြင်ကွင်းအား တွေ့ရစဉ်)
(စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ပျက်စီးနေမှုမြင်ကွင်းအား တွေ့ရစဉ်)

ဒဏ်ရာရ ၅၅ဦးနှင့် ပျောက်ဆုံးနေသူများရှိနေ၊ ကျဆုံးသူများအနက် KIA တပ်မဟာ(၉) တပ်မဟာမှူးပါဝင်ဟု အတည်ပြု

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း မှ တိုက်ခိုက်ခဲ့၍ သေဆုံးထိခိုက်အများအပြားရှိခဲ့ရာ လက်ရှိအချိန်ထိ ရုပ်အလောင်း ၆၀ တွေ့ရှိထားပြီး ဒဏ်ရာရသူ၅၅ဦး နှင့် ပျောက်ဆုံးနေသူများရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော့်(KIO/KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

“ကျွန်တော်တို့ သိရတာက အလောင်းကတော့ ၆၀တွေ့ရပါတယ်။ အဲဒီထဲက နာမည်မသိတဲ့ဟာတွေလည်း ပါတာပေါ့။ ဒဏ်ရာရတာက ၅၅ဦး အခုလောလောဆယ်ပေါ့။ ဒါပေမဲ့ တချို့တွေက ပျောက်နေတဲ့ဟာ ရှိပါတယ်။ ရှာနေတုန်းဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ နေ့လည်ပိုင်းတွင် People’s Springသို့ ပြောသည်။

အနန့်ပါဒေသ၌ KIOအထိမ်းအမှတ်နေ့ ဂုဏ်ပြုပွဲ အခမ်းအနားအကြို ဂီတပွဲကျင်းပနေချိန် အောက်တိုဘာ ၂၃ရက်ညပိုင်းက စစ်ကောင်စီတပ် လေကြောင်းက တိုက်ခိုက်ခဲ့၍ အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်သားပြည်သူများနှင့် KIO/KIA အရပ်ဘက်၊ စစ်ဘက် ဝန်ထမ်းများ သေဆုံးထိခိုက်ခဲ့ရသည်။

ကျဆုံးသွားသူများနက် KIA တပ်မဟာ(၉) တပ်မဟာမှူးလည်း ပါဝင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရသည့် အနန့်ပါဒေသသည် တပ်စခန်းတစ်ခု မဟုတ်ကြောင်း၊ ခရီးသွားများ ခေတ္တခဏ အနားယူကြသည့် စျေးဆိုင်တန်းစခန်းငယ်နေရာဖြစ်သည်ကို အာဏာရှင် စစ်ကောင်စီတပ်က သိရှိထားလျက် လူအစုလိုက်၊ အပြုံလိုက်သေကြေရန် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIOက ထုတ်ပြန်ထားသည်။

အဆိုပါ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအား တွန်းလှန်တော်လှန်သည် တော်လှန်ရေး ခွန်အားအဖြစ်သို့ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ယနေ့ ထုတ်ပြန်ခဲ့သည်။

“ဖားကန့် အနန့်ပါမှာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျနော်တို့ ဝမ်းနည်းကြေကွဲမှုတော့ ရှိမှာပါ။ ဒါပေမဲ့ အဲဒါကို ခွန်အားယူပြီးမှ ကျနော်တို့ရဲ့ တော်လှန်ရေးဖြစ်စဉ်တွေကို ပိုပြီး ရှေ့ဆက်ပြီးမှ အရှိန်အဟုန် တိုးမြှင့်ပြီးမှ ကျနော်တို့လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။