Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အနန့်ပါတိုက်ခိုက်မှုကိုလက်တုံ့ပြန်သည့်အ​နေဖြင့်ထားဝယ်မြိတ်ကားလမ်းတွင် စစ်ကောင်စီတပ်ကို ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်းနှစ်ကြိမ်တိုက်ခိုက်

“လက်ဦးမှုယူပြီးတိုက်တာ သေဆုံးဒဏ်ရာရတာတော့ သေချာမသိသေးဘူး”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်းတပ်ဖွဲ့ဝင်အချို့)
(ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်းတပ်ဖွဲ့ဝင်အချို့)

ဖားကန့်မြို့နယ် အနန့်ပါ​ဒေသတွင်လေ​ကြောင်းတိုက်ခိုက်ခံရမှုကိုလက်တုံ့ပြန်​သောအားဖြင့်ထားဝယ်-မြိတ် ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်ကိုယနေ့(​အောက်တိုဘာ ၂၈)နှစ်ကြိမ်တိုက်ခိုက်ခဲ့​ကြောင်း ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းကသတင်းထုတ်ပြန်သည်။

ထားဝယ်မြို့မှမြိတ်မြို့သို့ယနေ့မနက် ၆နာရီခွဲခန့်က​မောင်းလာသည့် စစ်ကောင်စီတပ်ကား ၁၂ စီးပါသည့်ယာဉ်တန်းကိုမြိတ်- ထား၀ယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးရွာနှင့်ပိတောက်ငယ်ရွာကြားတွင် ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီး လမ်းဘေးထိုးကျပျက်စီးပြီး စစ်သား ၂ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းကအသိ​ပေးသည်။

ထိုအပြင် ည‌နေ ၄နာရီခန့်တွင် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်ကင်းများကို ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက လက်ဦးမှုယူ၍တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ​သေဆုံးထိခိုက်မှုများရှိသော်လည်း စာရင်းအတိအကျကို မသိရှိနိုင်သေးကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ကစယ်ဒိုဖက်ဒရယ် စစ်​ကြောင်းမှရဲ​ဘော်များထိခိုက်ကျဆုံးမှုမရှိဟုလည်းထုတ်ပြန်ထားသည်။

“လက်ဦးမှုယူပြီးတိုက်တာ သေဆုံးဒဏ်ရာရတာတော့ သေချာမသိသေးဘူး”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါတိက်ခိုက်မှုတွင် စစ်​ကောင်စီတပ်မှ ​သေဆုံးဒဏ်ရာရရှိသူ၁၀ ဦးခန့်ရှိနိုင်​ကြောင်း Dawai Information Centre ကလည်း​ဖော်ပြသည်။အဆိုပါတိုက်ခိုက်မှုနှစ်ခုတွင် စစ်​ကောင်စီတပ် ​သေဆုံးဒဏ်ရာရမှုအ​ခြေအ​နေကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

ထားဝယ်-မြိတ် ဘုတ်တောင်တွင် အောက်တိုဘာ ၁၂ ရက်က ညနေပိုင်းကလည်း စစ်ကောင်စီယာဉ် ၉ စီးပါ ယာဉ်တန်းကို ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းက ရဲဘော်များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။