Connect with us

Hi, what are you looking for?

သတင်း

အနန့်ပါတိုက်ခိုက်မှုကိုလက်တုံ့ပြန်သည့်အ​နေဖြင့်ထားဝယ်မြိတ်ကားလမ်းတွင် စစ်ကောင်စီတပ်ကို ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်းနှစ်ကြိမ်တိုက်ခိုက်

“လက်ဦးမှုယူပြီးတိုက်တာ သေဆုံးဒဏ်ရာရတာတော့ သေချာမသိသေးဘူး”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်းတပ်ဖွဲ့ဝင်အချို့)
(ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်းတပ်ဖွဲ့ဝင်အချို့)

ဖားကန့်မြို့နယ် အနန့်ပါ​ဒေသတွင်လေ​ကြောင်းတိုက်ခိုက်ခံရမှုကိုလက်တုံ့ပြန်​သောအားဖြင့်ထားဝယ်-မြိတ် ကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်ကိုယနေ့(​အောက်တိုဘာ ၂၈)နှစ်ကြိမ်တိုက်ခိုက်ခဲ့​ကြောင်း ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းကသတင်းထုတ်ပြန်သည်။

ထားဝယ်မြို့မှမြိတ်မြို့သို့ယနေ့မနက် ၆နာရီခွဲခန့်က​မောင်းလာသည့် စစ်ကောင်စီတပ်ကား ၁၂ စီးပါသည့်ယာဉ်တန်းကိုမြိတ်- ထား၀ယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးရွာနှင့်ပိတောက်ငယ်ရွာကြားတွင် ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီး လမ်းဘေးထိုးကျပျက်စီးပြီး စစ်သား ၂ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းကအသိ​ပေးသည်။

ထိုအပြင် ည‌နေ ၄နာရီခန့်တွင် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်ကင်းများကို ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက လက်ဦးမှုယူ၍တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ​သေဆုံးထိခိုက်မှုများရှိသော်လည်း စာရင်းအတိအကျကို မသိရှိနိုင်သေးကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ ကစယ်ဒိုဖက်ဒရယ် စစ်​ကြောင်းမှရဲ​ဘော်များထိခိုက်ကျဆုံးမှုမရှိဟုလည်းထုတ်ပြန်ထားသည်။

“လက်ဦးမှုယူပြီးတိုက်တာ သေဆုံးဒဏ်ရာရတာတော့ သေချာမသိသေးဘူး”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါတိက်ခိုက်မှုတွင် စစ်​ကောင်စီတပ်မှ ​သေဆုံးဒဏ်ရာရရှိသူ၁၀ ဦးခန့်ရှိနိုင်​ကြောင်း Dawai Information Centre ကလည်း​ဖော်ပြသည်။အဆိုပါတိုက်ခိုက်မှုနှစ်ခုတွင် စစ်​ကောင်စီတပ် ​သေဆုံးဒဏ်ရာရမှုအ​ခြေအ​နေကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

ထားဝယ်-မြိတ် ဘုတ်တောင်တွင် အောက်တိုဘာ ၁၂ ရက်က ညနေပိုင်းကလည်း စစ်ကောင်စီယာဉ် ၉ စီးပါ ယာဉ်တန်းကို ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းက ရဲဘော်များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook