Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦး င့ါသရောက်မြို့နယ်ခွဲ ရဲစခန်းကို စီးနင်းတိုက်ခိုက်

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က လူ၂၅ဦးခန့်ဟာဆိုင်ကယ်တွေနဲ့ရောက်လာပြီး ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သွားတာပါ။

ငါ့သရောက်ဒေသကနေ နယ်ချဲအင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ ပုဂံဗိုလ်ချိုရုပ်ထုကို တွေ့ရစဉ်
ငါ့သရောက်ဒေသကနေ နယ်ချဲအင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ ပုဂံဗိုလ်ချိုရုပ်ထုကို တွေ့ရစဉ်

ရဲစခန်းမှူးအပါအဝင် ရဲ ၁၀ ဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိ

ပုဂံမြို့ကနေ ၁၂ မိုင်ခန့် ကွာဝေးတဲ့ င့ါသရောက်မြို့နယ်ခွဲ ရဲ့ ရဲစခန်းဟာ မနေ့က ညနေပိုင်းက စီးနင်းတိုက်ခိုက်ခံလိုက်ရပြီး ရဲ ၁၀ ဦးခန့် သေဆုံးခဲ့ကာ လက်နက်တွေလည်း ပါသွားတယ်လို ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က လူ၂၅ဦးခန့်ဟာဆိုင်ကယ်တွေနဲ့ရောက်လာပြီး ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သွားတာပါ။

အဲဒီစီးနင်းမှုမှာ ရဲစခန်းမှူးရဲအုပ် အေးကျော် အပါအဝင် ရဲ ၁၀ ဦးနဲ့ ရဲမိသားစုဝင်အမျိုးသမီး ၁ဦးသေဆုံးခဲ့တယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူများကပြောပါတယ်။

လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဘက်မှလည်း တစ်ဦးသေဆုံးတယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စခန်းအတွင်းက လက်နက်အချို့ကိုလည်း သိမ်းယူသွားတယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

လတ်တလောအနေနဲ့ ငါ့သရောက်မြို့ထဲမှာ စစ်တပ်က အင်အား အလုံးအရင်းနဲ့ ရောက်နေပြီး ဒေသခံတွေလည်း တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ငါ့သရောက်မြို့ဟာ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ထဲပါဝင်တဲ့မြို့နယ်ခွဲ အဆင့်ရှိ မြို့ ဖြစ်ပါတယ်။

င့ါသရောက်ဒေသဟာ ညောင်ဦးမြို့နယ် ၊ ကျောက်ပန်းတောင်မြို့နယ်နဲ့ တောင်သာမြို့နယ် သုံးမြို့ ဆုံရာ တြိဂံ ဒေသလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဒရုန်းဗုံးထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး သေဆုံးတယ်လို့ ဂန့်ဂေါမြို့နယ်သတင်းရင်းမြစ်အချို့က ပြောပါတယ်။