Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်က ရွှေဆိုင်တွေ အခေါက်ရွှေတစ်ကျပ်သား ၂၅ သိန်း ၃သောင်းကျပ်နဲ့ရောင်းဖို့စာထုတ်

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းဟာ သူတို့ အသင်းရဲ့ဖေ့ဘွတ်ခ်မှာတော့ နေ့စဉ်ပေါက်ဈေး ၁၉ သိန်း ဝန်းကျင်သာရှိတယ်လို့ နေ့စဉ်ဖော်ပြပေမယ့် ဒီဈေးဟာ ဈေးကွက်မှာ အလုပ်မဖြစ်တဲ့ ဈေးသာဖြစ်ပါတယ်။

ရန်ကုန်က ရွှေဆိုင်တွေ အခေါက်ရွှေတစ်ကျပ်သား ၂၅ သိန်း ၃သောင်းကျပ်နဲ့ရောင်းဖို့စာထုတ်
ရန်ကုန်က ရွှေဆိုင်တွေ အခေါက်ရွှေတစ်ကျပ်သား ၂၅ သိန်း ၃သောင်းကျပ်နဲ့ရောင်းဖို့စာထုတ်

ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်တွေအနေနဲ့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၅ သိန်း ၃သောင်းကျပ် ဈေးနဲ့သာ ရောင်းချဖို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းစာထုတ်လိုက်ပါတယ်။

ပြင်ပပေါက်ဈေး တစ်ကျပ်သားကို ၂၆ သိန်းဝန်းကျင်ရှိနေချိန်မှာ ရွှေအသင်းက ခုလိုထုတ်ပြန်လာတာပါ။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းဟာ သူတို့ အသင်းရဲ့ဖေ့ဘွတ်ခ်မှာတော့ နေ့စဉ်ပေါက်ဈေး ၁၉ သိန်း ဝန်းကျင်သာရှိတယ်လို့ နေ့စဉ်ဖော်ပြပေမယ့် ဒီဈေးဟာ ဈေးကွက်မှာ အလုပ်မဖြစ်တဲ့ ဈေးသာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒေါ်လာဈေးနဲ့ ရွှေဈေးကို ထိန်းချုပ်ဖို့အတွက် ဒေါ်လာပေါက်ဈေးတင်နေတဲ့ လူမှုကွန်ရက်တွေကို အမှုဖွင့်တာရှိသလို ရွှေဆိုင်တွေကိုလည်း ပေါက်ဈေးမတင်ဖို့ ဖိအားပေးတာတွေရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။