Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့သည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ ကိုယ်ကျိုးရှာ ဖိနှိပ်အနိုင်ကျင့်မှုများကို နစ်နာခဲ့ရသူ ပြည်သူတို့ရှေ့မှ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့သောကြောင့် ဆရာတော်ကို စစ်ကောင်စီတပ်က ၆လကြာ ဖမ်းဆီးအကျဉ်းချထားခဲ့သည်။

စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့သည့် မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
စစ်အာဏာရှင်ကိုဆန့်ကျင်ခဲ့သည့် မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသသည် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ အောက်တိုဘာ ၂၇ရက်က ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း ကြားသိရသည့်အတွက် များစွာစိတ်နှလုံးကြေကွဲ ယူကြုံးမရဖြစ်ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

ဆရာတော်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး၌ ပြည်သူ့နှင့်အတူ ရပ်တည်ပါဝင်ခဲ့၍ ထိုင်းနိုင်ငံသို့ တိမ်းရှောင်နေစဉ် နှလုံးသွေးကြောပိတ်ဝေဒနာဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

ဆရာတော်သည် သက်တော်ထင်ရှား ရှိစဉ်ကာလတစ်လျှောက်လုံး ဘာသာ၊ သာသနာတိုးတက်ပြန့်ပွားရေးအတွက် ကြိုးပမ်းခဲ့သည့်နည်းတူ၊ ပြည်သူလူထု တစ်ရပ်လုံးကိုလည်း ဓမ္မ၊ အဓမ္မ ခွဲခြားသိမြင်စေလျှက် အဓမ္မကို တွန်းလှန်ကာ ဓမ္မနှင့်အညီသာ ကျင့်ကြံနေထိုင်စေရေးအတွက် လမ်းညွှန်မှုပြု၍ ကိုယ်တိုင်လည်း ဓမ္မနှင့်အညီသာ ရပ်တည်ပြခဲ့ပါသော၊ လောကီ၊ လောကုတ္တရာ နှစ်ဖြာအတွက် စံနမူနာပြု သာသနာ့အာဇာနည် တစ်ပါးအဖြစ် မိမိတို့အနေဖြင့်အသိအမှတ်ပြုကြောင်း NLD၏ သဝဏ်လွှာ၌ ပါရှိသည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ ကိုယ်ကျိုးရှာ ဖိနှိပ်အနိုင်ကျင့်မှုများကို နစ်နာခဲ့ရသူ ပြည်သူတို့ရှေ့မှ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့သောကြောင့် ဆရာတော်ကို စစ်ကောင်စီတပ်က ၆လကြာ ဖမ်းဆီးအကျဉ်းချထားခဲ့သည်။

Public Service Announcement

Public Service Announcement

ပြန်လည်လွတ်မြောက်ချိန်တွင် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ရေး ကြိုးပမ်းမှုများတွင် ပြည်သူလူထုနှင့် တစ်သားတည်း တစ်စိုက်မတ်မတ် ရပ်တည်တော်မူခဲ့ကြောင်း၊ ထိုသို့ သဒ္ဓါ၊သီလ၊သုတ၊စာဂ၊ပညာ၊ဟီရိ၊သြတပ္ပတို့နှင့်ပြည့်စုံသည့် ဓမ္မဘက်တော်သားဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူခြင်းသည် စစ်မှန်သောသာသနာတော်ကြီး တည်တံ့ခိုင်မြဲရေးအတွက်သာမက၊ မိမိတို့နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက်ပါကြီးမားသည့် ဆုံးရှုံးမှု့ဖြစ်ပါကြောင်း NLDက ဆိုသည်။

ဆရာတော်၏ ဈာပနကို မဲဆောက်မြို့နယ်တစ်နေရာ၌ ယနေ့(အောက်တိုဘာ ၃၁ရက်)မွန်းလွဲ ၃နာရီတွင် ကျင်းပသွားမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။