Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်တွင် ကင်းပတ်လာသည့် စစ်အုပ်စုအား ပါဆယ်မိုင်းဖြင့် တိုက်ခိုက်

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိပြီး သုံးဦးမှာ မြောင်ဆေးရုံတွင်ကုသနေရကာ နှစ်ဦးမှာ မန္တလေးမြို့သို့သွားရောက်ကုသနေရသည်ဟု ၎င်းကဆိုသည်။

(စစ်ဆင်ရေးများတွင် အသုံးပြုနေသည့် MBTT အဖွဲ့၏ မိုင်းများအားတွေ့ရစဥ်၊ဓာတ်ပုံ-ဗိုလ်တောက်ထွန်း)
(စစ်ဆင်ရေးများတွင် အသုံးပြုနေသည့် MBTT အဖွဲ့၏ မိုင်းများအားတွေ့ရစဥ်၊ဓာတ်ပုံ-ဗိုလ်တောက်ထွန်း)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်အား ပါဆယ်မိုင်းဖြင့်တိုက်ခိုက်ရာ ငါးဦးထိခိုက်ဒဏ်ရာရရှိကြောင်း မြောင်(MBTT) ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က ယမန်နေ့ (နိုဝင်ဘာ၂ရက်) သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာ၂၉ ရက် ည ၉ နာရီ ၂၇ မိနစ်ခန့်က မြောင်နယ်တွင် ကင်းပုန်းထွက်လာသော စစ်ကောင်စီတပ်များအား မြောင်တောင်ဘက်အထွက် ရေကျော်တွင် မြောင်ဗိုလ်တောက်ထွန်း အထူးတပ်ဖွဲ့နှင့်အတူ မဟာမိတ်ညီနောင်များက ပါဆယ်မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြောင်MBTT အထူးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိပြီး သုံးဦးမှာ မြောင်ဆေးရုံတွင်ကုသနေရကာ နှစ်ဦးမှာ မန္တလေးမြို့သို့သွားရောက်ကုသနေရသည်ဟု ၎င်းကဆိုသည်။

(စစ်ဆင်ရေးများတွင် အသုံးပြုနေသည့် MBTT အဖွဲ့၏ မိုင်းများအားတွေ့ရစဥ်၊ဓာတ်ပုံ-ဗိုလ်တောက်ထွန်း)
(စစ်ဆင်ရေးများတွင် အသုံးပြုနေသည့် MBTT အဖွဲ့၏ မိုင်းများအားတွေ့ရစဥ်၊ဓာတ်ပုံ-ဗိုလ်တောက်ထွန်း)

“မြောင်အထွက်မှာရေကျော်ရှိတယ်။ အဲဒီမှာပါဆယ်မိုင်းဆင်ထားတာ။ မြောင်စခန်းကနေ ​ွေးတွေက ကင်းထွက်လာတဲ့အချိန် အဲဒီနားရောက်တဲ့အချိန်ခွဲလိုက်တာ။ သုံးကောင်ကမြောင်မှာ နှစ်ကောင်ကတော့မန္တလေးက စစ်ဆေးရုံမှာသွားကုတယ်လို့သတင်းရတယ်။”ဟု ဗိုလ်တောက်ထွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ဆင်ရေးများတွင် အသုံးပြုနေသည့် MBTT အဖွဲ့၏ မိုင်းများအားတွေ့ရစဥ်၊ဓာတ်ပုံ-ဗိုလ်တောက်ထွန်း)
(စစ်ဆင်ရေးများတွင် အသုံးပြုနေသည့် MBTT အဖွဲ့၏ မိုင်းများအားတွေ့ရစဥ်၊ဓာတ်ပုံ-ဗိုလ်တောက်ထွန်း)

စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့် ပါဆယ်မိုင်းနှင့်ပတ်သက်၍ “ပါဆယ်မိုင်းက သိပ်မကွာဘူး ရိုးရိုးမိုင်းလိုပါပဲ။ ပစ္စည်းသုံးတာလေးပဲ ကွာသွားတာရှိတာပါ။ ပါဆယ်မိုင်းဆိုတာမသွားခင်မှာ ပြင်ဆင်ပြီးပြီဆိုမှပါဆယ်လေးချခဲ့တာ။ အန္တရာယ်တော့နည်းနည်းများတယ်။”ဟု ဗိုလ်တောက်ထွန်းက ရှင်းပြသည်။

အဆိုပါ စစ်ဆင်ရေးအား မြောင်ဗိုလ်တောက်ထွန်း (MBTTအထူးတပ်ဖွဲ့)၊ ဗိုလ်နေတိုး BNT ပြောက်ကျားအထူးတပ်ဖွဲ့၊ Hero မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Blood Brothers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။