Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့တွင် ကလေးငယ်နှစ်ဦး၏ ဖခင်ကို စစ်ကောင်စီက ​အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

Kawlin Revolution KR-Teamသည် ကောလင်းမြို့နယ် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက် စာမျက်နှာဖြစ်သည်။

(သေဆုံးသွားသည့် ကိုမြတ်သူအောင်အား တွေ့ရစဉ်)
(သေဆုံးသွားသည့် ကိုမြတ်သူအောင်အား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် ကလေးငယ်နှစ် ဦး၏ ဖခင်ကို စစ်ကောင်စီက ​အောက်တိုဘာလကုန်ပိုင်းတွင် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးပြီး သတ်ဖြတ် လိုက်သည်ဟု ဒေသခံများက ပြောသည်။

ကောလင်းမြို့ အထက်သီတရာကျေးရွာမှ ကိုမြတ်သူအောင်ကို စစ်ကောင်စီတပ်က ​အောက်တိုဘာ ၂၅ ရက်တွင်ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” ကိုမြတ်သူအောင်က ကောလင်းမြို့ပေါ်ကို အလုပ်ကိစ္စနဲ့ တက်လာတာ။ စခတွေက မသင်္ကာလို့ဆိုပြီး ဖမ်းသွားတာ။ သေဆုံးသွားတာကို ဒီနေ့(နိုဝင်ဘာလ ၃ရက်)မှ သိတယ်”ဟု ကောင်းလင်းမြို့ခံတစ်ဦးက ပြောသည်။

စစ်‌ကောင်စီက ဖမ်းဆီးသတ်ဖြတ်လိုက်သော ကိုမြတ်သူအောင်တွင် ရင်ခွင်ပိုက် ကလေးငယ်တစ်ဦး နှင့် အသက်(၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း Kawlin Revolution KR-Teamက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Kawlin Revolution KR-Teamသည် ကောလင်းမြို့နယ် ဒေသတွင်းတော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက် စာမျက်နှာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။