Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့နယ်တိုက်ပွဲ PDF ရဲဘော်ရှစ်ဦးကျဆုံး

“စစ်ခွေးတွေလည်း သူတို့ လူတွေကို ထမ်းစင်တွေနဲ့ သယ်ထုတ်သွားကြတယ်။ သူတို့ ကိုးထောင်ဘို့ဖက်ကို ဆက်ထွက်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကောလင်းမြို့နယ်တိုက်ပွဲ PDF ရဲဘော်ရှစ်ဦးကျဆုံး
ကောလင်းမြို့နယ်တိုက်ပွဲ PDF ရဲဘော်ရှစ်ဦးကျဆုံး

▪️ CDM ကျောင်းဆရာတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးလည်း သေဆုံးခဲ့ရ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင် စီနှင့် တိုက်ပွဲ၌ လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ် ရေးရဲဘော် ရှစ်ဦးကျဆုံးပြီး CDM ကျောင်းဆရာတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးလည်း သေဆုံးခဲ့သည်။

ကောလင်းမြို့နယ်၊ အင်ပင်သာကျေးရွာအနီးတွင် စက်တင်ဘာ ၁၂ရက် ညနေက တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပြီး စစ်ကောင်စီအထိနာခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ပြည်သူအချို့လည်းသေဆုံးခဲ့သည်ဟု ကောလင်းမြို့ခံများက ပြောသည်။

” ကျဆုံးတဲ့ ရှစ်ဦးက Local PDF တွေ။ CDM ကျောင်းဆရာ ကိုချမ်းသာနဲ့ လူငယ်တစ်ဦးကိုလည်း စခတွေက ဖမ်းသွားပြီး သတ်ပစ်လိုက်တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၁၀၀ခန့်ရှိပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲသည် ၃နာရီခန့်အထိ ကြာခဲ့ကြောင်း၊ လက်နက်အင်အားမမျှ၍ ယခုကဲ့သို့ အကျအဆုံးများခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာ ကွယ်ရေးရဲဘော်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ခွေးတွေလည်း သူတို့ လူတွေကို ထမ်းစင်တွေနဲ့ သယ်ထုတ်သွားကြတယ်။ သူတို့ ကိုးထောင်ဘို့ဖက်ကို ဆက်ထွက်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်း ရှိနေ၍ ဒေသခံများ အထူးသတိပြုနေထိုင်ကြရန် ကောလင်းဒေသတော်လှန်ရေးသတင်းများ ထုတ်ပြန်ပေးနေသည့် Kawlin Revolution – KR က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ