Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့အဝင်ရှိ စစ်အုပ်စုကို အလစ်ဝင်တိုက်

စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ် များဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်သော်လည်း ပကဖရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု မြိုင်(ပကဖ)တာဝန်ခံက ဆိုသည်။

မြိုင်မြို့အဝင်ရှိ စစ်အုပ်စုကို အလစ်ဝင်တိုက်

မကွေးတိုင်း၊ မြိုင်မြို့အဝင်ရှိသော စစ်အုပ်စုကို ယနေ့ညပိုင်းက အလစ်ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြိုင်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ယနေ့ (နိုဝင်ဘာ၃ ရက်) ည ၈ နာရီ မိနစ်၂ဝခန့်က မြိုင်(ပကဖ)တပ်ရင်း(၁) တပ်ခွဲ-၃ရဲဘော်များသည် မြိုင်မြို့အနောက်ဘက်၌ စစ်သား၊ ရဲနှင့် ပျူစောထီး ခြောက်ဦးရှိနေသော စခန်းတစ်ခုအား ၅မိနစ်ခန့်အကြာ အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုများရှိကြောင်း မြိုင် (ပကဖ)အဖွဲ့ဝင် တာဝန်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ် များဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်သော်လည်း ပကဖရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု မြိုင်(ပကဖ)တာဝန်ခံက ဆိုသည်။

“ကျွန်တော်တို့ ပကဖတွေနဲ့ပွဲဖြစ်တဲ့နေရာ မြိုင်မြို့အဝင်နားလေးမှာ ဖြစ်တာပါ။ ​ွေးတွေကင်းဝပ်တဲ့နေရာမျိုးပါ။ မြို့နဲ့နီးတယ်။”ဟု မြိုင် (ပကဖ)အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဉ်သည် နိုဝင်ဘာ၁ ရက်က ကျဆုံးသွားသော ရဲဘော်များအတွက် လက်စားချေတုံ့ပြန်ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၁ ရက်က မြိုင်နယ်နှင့်ပေါက် နယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ကျေးရွာကာကွယ်ရေးရဲဘော်များ ထိပ်တိုက်တိုးပြီး ပြည်သူ့ရဲဘော်၅ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook