Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့အဝင်ရှိ စစ်အုပ်စုကို အလစ်ဝင်တိုက်

စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ် များဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်သော်လည်း ပကဖရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု မြိုင်(ပကဖ)တာဝန်ခံက ဆိုသည်။

မြိုင်မြို့အဝင်ရှိ စစ်အုပ်စုကို အလစ်ဝင်တိုက်

မကွေးတိုင်း၊ မြိုင်မြို့အဝင်ရှိသော စစ်အုပ်စုကို ယနေ့ညပိုင်းက အလစ်ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြိုင်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ယနေ့ (နိုဝင်ဘာ၃ ရက်) ည ၈ နာရီ မိနစ်၂ဝခန့်က မြိုင်(ပကဖ)တပ်ရင်း(၁) တပ်ခွဲ-၃ရဲဘော်များသည် မြိုင်မြို့အနောက်ဘက်၌ စစ်သား၊ ရဲနှင့် ပျူစောထီး ခြောက်ဦးရှိနေသော စခန်းတစ်ခုအား ၅မိနစ်ခန့်အကြာ အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုများရှိကြောင်း မြိုင် (ပကဖ)အဖွဲ့ဝင် တာဝန်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ် များဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်သော်လည်း ပကဖရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု မြိုင်(ပကဖ)တာဝန်ခံက ဆိုသည်။

“ကျွန်တော်တို့ ပကဖတွေနဲ့ပွဲဖြစ်တဲ့နေရာ မြိုင်မြို့အဝင်နားလေးမှာ ဖြစ်တာပါ။ ​ွေးတွေကင်းဝပ်တဲ့နေရာမျိုးပါ။ မြို့နဲ့နီးတယ်။”ဟု မြိုင် (ပကဖ)အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဉ်သည် နိုဝင်ဘာ၁ ရက်က ကျဆုံးသွားသော ရဲဘော်များအတွက် လက်စားချေတုံ့ပြန်ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၁ ရက်က မြိုင်နယ်နှင့်ပေါက် နယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ကျေးရွာကာကွယ်ရေးရဲဘော်များ ထိပ်တိုက်တိုးပြီး ပြည်သူ့ရဲဘော်၅ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။