Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နှင့် အရာတော်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ပြီးခဲ့သည့် အောက်တိုဘာ တတိယပတ်အတွင်းကလည်း ဟန်လင်းပျူမြို့ဟောင်းအပါအဝင်အနီးဝန်းကျင်ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် ဒေသခံ ၁၃ဦးထက် မနည်း သေဆုံးခဲ့သေးသည်​။

ပြီးခဲ့သည့် အောက်တိုဘာ တတိယပတ်အတွင်းက ဟန်လင်းပျူမြို့ဟောင်းရှိ ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ပြီးခဲ့သည့် အောက်တိုဘာ တတိယပတ်အတွင်းက ဟန်လင်းပျူမြို့ဟောင်းရှိ ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းနှင့် အရာတော်မြို့နယ်များရှိ စစ်ကောင်စီတပ် များ တကျော့ပြန် စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ဟန်လင်းမြို့ဟောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်သည် ယနေ့(နိုဝင်ဘာ ၄ရက်)နံနက် ၈နာရီခန့်တွင် ဟန်လင်းအနီးရှိ အောင်ချမ်းသာကျေးရွာသို့ ဝင်ရောက်မွှေနှောက်ကာ ဒေသခံပြည်သူသုံးဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

“အယောက်ငါးဆယ်​လောက်ရှိတယ် ပြောတယ်။ အခုတော့ ကုန်းကြီးရွာကနေ ဝက်လက်မြို့ထဲဝင်သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဝက်လက်မြို့နယ်နှင့် နယ်ချင်းဆက်နေသော အရာတော်မြို့နယ်တွင်လည်း ယနေ့နံနက်ပိုင်းက အနောက်စစ်တပ်ဘက်မှ ထွက်လာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကျွဲခြံကျေးရွာကို ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရာ ကျေးရွာအနီးတဝိုက်ရှိ ကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေရပြီး ထွက်ပြေးတိမ်းရှောင်နေရသောပြည်သူများသည် မိမိတို့ကျေးရွာများအား အလျင်စလိုပြန်လည်ဝင်ရောက် ခြင်းများ မပြုကြရန်၊ စိတ်ချရသည့်အခြေအနေရောက်မှသာ ရွာပြန်ဝင်ကြရန် ဒေသကာ ကွယ်ရေးရဲဘော်များက သတိပေးထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ တတိယပတ်အတွင်းကလည်း ဟန်လင်းပျူမြို့ဟောင်းအပါအဝင်အနီးဝန်းကျင်ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် ဒေသခံ ၁၃ဦးထက် မနည်း သေဆုံးခဲ့သေးသည်​။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။