Connect with us

Hi, what are you looking for?

သတင်း

နွေဦး​တော်လှန်​ရေးအတွက် ပြည်သူတစ်ဦးတည်းက ဒေါ်လာ နှစ်သန်းကျော်ဖိုး​မြေကွက်များဝယ်ယူ

“တော်လှန်ရေးကို နိုင်မယ်ဆိုတာ ယုံကြည်လို ဝယ်ယူကြတာပါ”ဟု မြေကွက်ရောင်းချရေးအရောင်း ကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။

နွေဦး​တော်လှန်​ရေးအတွက် ပြည်သူတစ်ဦးတည်းက ဒေါ်လာ နှစ်သန်းကျော်ဖိုး​မြေကွက်များဝယ်ယူ
နွေဦး​တော်လှန်​ရေးအတွက် ပြည်သူတစ်ဦးတည်းက ဒေါ်လာ နှစ်သန်းကျော်ဖိုး​မြေကွက်များဝယ်ယူ

မန္တလေးမြို့၊ (​ဒေါ်) အောင်ဆန်းစုကြည်လမ်းတောင်ဘက်တွင် စစ်တပ်သိမ်းယူထားသည့် မြေကွက်များကို​နွေဦး​တော်လှန်​ရေးအတွက်​ရောင်းချ​နေရာ ဒေါ်လာ ၂ ဒသမ ၄ သန်းဖိုးကို ပြည်သူတစ်ဦးတည်းက ဝယ်ယူသွားကြောင်း NUG၏ မြေကွက်ရောင်းချရေးအဖွဲ့(EOD)က ယနေ့ထုတ်ပြန်သည်။

ထိုမြေကွက်များသည် ​(ဒေါ်)အောင်ဆန်းစုကြည်လမ်း တောင်ဘက်တွင် စစ်တပ်က မတရားသိမ်းယူထားသည့်မြေနေရာတွင်ဖော်ဆောင်သည့် “နွေဦးနှင်းဆီ” စီမံကိန်းအမည်ဖြင့် ပေ၁၀၀ ပတ်လည် မြေကွက်ပေါင်း ၂၀ ကိုအကွက်​ဖော်​ရောင်းချရာ ပြည်သူတစ်ဦးထဲက လက်ကျန်​ မြေကွက် ၁၀ ကွက်လုံးကို ဝယ်ယူသွားခြင်းဖြစ်သည်ဟုထုတ်ပြန်ထားသည်။

ထိုမြေကွက်များသည်တော်လှန်ရေးကာလအတွင်း တစ်ကွက်ကို ဒေါ်လာ ၂၄၀,၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး မြေကွက် ၁၀ကွက်အတွက် ဒေါ်လာ ၁ ဒသမ ၄သန်းပေးသွင်းရမည်ဖြစ်သည်။

“တော်လှန်ရေးမှာ ရွှေမန်းသူ ရွှေမန်းသားတွေ ဘယ်တော့မှ နောက်ကျ မကျန်ခဲ့ဘူး ဆိုတာကို ထပ်မံသက်သေ ပြလိုက်တာပါပဲ။”ဟု NUG ရှယ်ယာရောင်းချရေးအဖွဲ့ EODကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုမြေကွက်ကများကို အောက်တိုဘာ ၁ ရက်နေ့က စတင်ရောင်းချခဲ့ပြီး ယခုရောင်းရသည့်မြေကွက် ၁၀ ကွက်သည့် နောက်ဆုံးကျန်သည့်မြေကွက်များဖြစ်သည်ဟုသိရသည်။

“တော်လှန်ရေးကို နိုင်မယ်ဆိုတာ ယုံကြည်လို ဝယ်ယူကြတာပါ”ဟု မြေကွက်ရောင်းချရေးအရောင်း ကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။

“ပြည်တော်ဝင်ပြီး နန်းသိမ်းမယ်”ကြွေးကြော်သံဖြင့် မန္တလေးမြို့၊ မဟာအောင်မြေရှိ အောင်ဆန်းစုကြည်လမ်းတောင်ဘက်ရှိ မြေကွက်ကို ၂၀ ကို တစ်ကွက်ကို ဒေါ်လာ ၆သိန်းဖြင့် NUGက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ်ရောင်းချခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။